နိုင်ငံရေးပါတီများ ခိုင်မာအားကောင်းမှသာ စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးဖော်ဆောင်နိုင်မည်ဟု UEC ဥက္ကဋ္ဌပြော
ကျော်(NSS) - ဇန်နဝါရီ ၁၃
နိုင်ငံရေးပါတီများ ခိုင်မာအားကောင်းမှသာစစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးဖော်ဆောင်နိုင်မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြောသည်။
ယမန်နေ့ (ဇန်နဝါရီလ ၁၂ ရက်)၊ နံနက်ပိုင်းက ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ UEC နှင့် မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများတွေ့ဆုံ၍ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အကြံပြုချက်စာတမ်းဖတ်ပွဲအခမ်းအနားတွင် UEC ဥက္ကဋ္ဌက အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
UEC အနေဖြင့် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ရန်ရှိသည်များကိုဆောင် ရွက်လျက်ရှိကာ ရွေးကောက်ပွဲအား (PR)စနစ်ဖြင့်ကျင်းပသွားမည်ဟု ပြောသည်။
ထို့ကြောင့် စနစ်နှင့်ကိုက်ညီသည့် သက်ဆိုင်ရာလွှတ် တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများကို ပြင်ဆင်ပြဋ္ဌာန်းထုတ်ပြန်နိုင်ရေးကိုဆောင်ရွက်လျက်ရှိကာ မဲစာရင်းများ ပြည့်စုံမှန်ကန်ရေးကိုလည်း အလေးထားဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။
"မဲစာရင်းတွေ ပြည့်စုံမှန်ကန်ဖို့စိစစ်ရာမှာ သက်ဆိုင်ရာနိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေကို ပါဝင် ဆောင်ရွက်ခွင့်ပြုသွားမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲကို လွတ်လပ်၊ တရားမျှတမှုရှိစေဖို့ ကော်မရှင်အနေနဲ့ ပြဋ္ဌာန်းထားတဲ့ ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ တိကျစွာဆောင်ရွက်သွားမှာပါ"ဟု UEC ဥက္ကဋ္ဌ ဦးသိန်းစိုးကပြောသည်။
ထို့ပြင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပရာတွင် လွတ်လပ်မှု၊ တရားမျှတမှုနှင့် ပွင့်လင်းမြင်သာမှုရှိပြီး လုံခြုံအေးချမ်းတည်ငြိမ်စွာကျင်းပနိုင်ရေးအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများမှ ပူးပေါင်းဆောင်ရွက်ပေးကြရန်လည်း UEC ဥက္ကဋ္ဌက တိုက်တွန်းပြောကြားခဲ့သည်။
"ဒီတွေ့ဆုံမှုဟာ တိုင်းပြည်အတွက် အကောင်းဆုံးလားရာကိုရောက်သွားမှာဖြစ်သလို တရားမျှတပြီး လွတ်လပ်ပြီး တစ်နိုင်ငံလုံးအကျုံးဝင်မယ့် ရွေးကောက်ပွဲကိုကျင်းပသွားနိုင်မယ်လို့ ယုံကြည်ပါတယ်။ အခြေအနေတစ်ရပ်ရပ်ကြောင့် ရွေးကောက်ပွဲမကျင်းပနိုင်မယ့်ဒေသတွေတော့ရှိမှာပေါ့"ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက NSS ကိုပြောသည်။
ပြဋ္ဌာန်းခဲ့သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအသစ်အရ ပြန်လည်မှတ်ပုံတင်ခွင့်နှင့် အသစ်တည် ထောင်မှတ်ပုံတင်ခွင့်လျှောက်ထားသည့် ပါတီ ၆၅ ပါတီရှိပြီး ၎င်းတို့အနက် ၄၇ ပါတီကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်းသိရသည်။ အဆိုပါ ၄၇ ပါတီများအနက်မှ ပါတီ ၂ ပါတီကို ဖျက်သိမ်းခဲ့ရခြင်းကြောင့် တည်ဆဲနိုင်ငံ ရေးပါတီ ၄၅ ပါတီရှိကြောင်း UEC ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရပ်ထားသည့်(၁၄)ပေကားကို တွဲကားမှဝင်တိုက်မိခဲ့ရာ ကားအောက်တွင်အိပ်နေသည့် အမျိုးသား ကားကြိတ်ခံရ၍ ပွဲချင်းပြီး သေဆုံး
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း