ရှမ်းမြောက်ဒေသ၌ တပ်မတော်နှင့် အပစ်ရပ်စဲထားပြီး အခြားကိစ္စရပ်များကို ဆက်လက်ဆွေးနွေးရန် သဘော တူထားဟု မြောက်ပိုင်း (၃)ဖွဲ့ ထုတ်ပြန်
မြူနစ် (NSS) - ဇန်နဝါရီ ၁၃
တပ်မတော် နှင့် ချက်ချင်းအပစ်ရပ်စဲရေးဆိုင်ရာ အစီ အမံ နှင့် အခြားကိစ္စရပ်များကို ဆက်လက် ဆွေးနွေးသွားရန် သဘောတူထားကြောင်း မြောက်ပိုင်း (၃)ဖွဲ့က ထုတ်ပြန်လိုက်သည်။
MNDAA၊ TNLA၊ AA မြောက်ပိုင်းမဟာမိတ်လက်နက် ကိုင် (၃)ဖွဲ့သည် ယမန်နေ့(ဇန်နဝါရီလ ၁၂ ရက်) ညပိုင်းတွင် အထက်ပါသို့ အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
နစက၏ NSPNC နှင့် မြောက်ပိုင်း (၃)ဖွဲ့တို့သည် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် ဇန်နဝါရီလ ၁၀ ရက်မှ ၁၁ ရက်အထိ တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ " ဟိုင်ဂင်သဘောတူညီမှုများ"ကို နှစ်ရက်တာ တွေ့ဆုံဆွေးနွေးခဲ့သည်ဟု ထုတ်ပြန်ထားသည်။
အဆိုပါတွေ့ဆုံမှုသည် တတိယအကြိမ်မြောက် တွေ့ဆုံခြင်းဖြစ်ပြီး နှစ်ဖက်သဘောတူညီမှုများ ရရှိခဲ့ကြောင်း သိရသည်။
နှစ်ဖက်ကြား၌ ဇန်နဝါရီလ ၁၁ ရက်၊ ည ၉ နာရီအချိန်မှစ၍ နှစ်ဖက်တပ်များ ချက်ချင်းအပစ်ရပ်စဲရန်နှင့် ပစ် ခတ်တိုက်ခိုက်မှုများ၊ ထိတွေ့မှုများ မရှိစေရေးကိုလည်း သဘောတူညီခဲ့ကြောင်း မြောက်ပိုင်း (၃)ဖွဲ့က ဆိုသည်။
အကယ်၍ အငြင်းပွားဖွယ်ရာများနှင့် လိုလားချက်များ (ပစ်ခတ်မှုများ) ဖြစ်ပေါ်လာခဲ့ပါက တွေ့ဆုံဆွေးနွေးမှုလမ်းစဥ်ဖြင့် ဖြေရှင်းရန်လည်း သဘောတူထားကြောင်း သိရသည်။
၎င်းသဘောတူညီချက်များသည် ရှမ်းပြည်မြောက်ပိုင်းဒေသရှိ တပ်မတော်လုံခြုံရေးစခန်းများကို မြောက်ပိုင်း (၃)ဖွဲ့က စတင်တိုက်ခိုက်ခြင်းမပြုလုပ်ရန် သဘောတူညီခဲ့ခြင်းဖြစ်သကဲ့သို့ တပ်မတော်အနေဖြင့်လည်း ရှမ်းမြောက်ဒေသရှိ မြောက်ပိုင်း(၃)ဖွဲ့က သိမ်းပိုက်ထားသည့် နေရာများကို လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း မပြုလုပ်ရန် သဘောတူခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ရခိုင်ပြည်နယ်အတွင်း၌ တပ်မတော် နှင့် AA အဖွဲ့တို့ကြား ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။
ထို့ပြင် တပ်မတော်နှင့် မြောက်ပိုင်း (၃)ဖွဲ့ကြားတွင်လည်း နယ်စပ်ဒေသရှိ တရုတ်နိုင်ငံသားများနှင့် မြန်မာ နိုင်ငံအတွင်းရှိ တရုတ်၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာလုံခြုံရေးကို မထိခိုက်၊ မဖျက်ဆီးရန် သဘောတူခဲ့ကြောင်း ထပ်မံထုတ်ပြန်ထားသည်။
ထိုသို့ရရှိခဲ့သဘောတူညီမှုများကြောင့် နှစ်ဦးနှစ်ဖက်က ချက်ချင်းအပစ်ရပ်စဲရေးဆိုင်ရာ အစီအမံနှင့် အခြားကိစ္စရပ်များကို ဆက်လက်ဆွေးနွေးရန် သဘောတူခဲ့ကြောင်း မြောက်ပိုင်း(၃)ဖွဲ့က ဆိုထားသည်။
အလားတူ နစကဘက်ကလည်း မြောက်ပိုင်း (၃)ဖွဲ့နှင့် အပစ်ခတ်ရပ်စဲနိုင်ခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးလမ်း ကြောင်းများ ပြန်လည်ဖွင့်နိုင်ရေးအတွက် ဆောင်ရွက်နေကြောင်း ယမန်နေ့(ဇန်နဝါရီလ ၁၂ ရက်)က သတင်းထုတ်ပြန်ခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
(၂)လနီးပါးအတွင်း ဆန်စပါးသိုလှောင်ရုံပေါင်း(၁၇၀)ကျော် မှတ်ပုံတင်ခဲ့ပြီး ရန်ကုန်တိုင်းမှ အများဆုံးမှတ်ပုံတင်ထား
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ