လားရှိုးမြို့နယ်ရှိ နားကွမ်းတံတား မိုင်းခွဲဖျက်ဆီးခံရ
Pearl (NSS) - ဇန်နဝါရီ ၁၂
လားရှိုးမြို့နယ်ရှိ နားကွမ်းတံတား မိုင်းခွဲဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ (ဇန်နဝါရီလ ၁၁ ရက်) ၊ ည (၉)နာရီ ၀န်းကျင်ခန့်တွင် ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၊ နားကွမ်းကျေးရွာအနီးရှိ ဒေသခေါ် နားကွမ်းတံတားတစ်စင်း မိုင်းခွဲဖျက်ဆီးခံခဲ့ရသည်။
"ကျွန်တော်တို့နဲ့ နည်းနည်းဝေးတယ်။ ညက (၈)နာရီခွဲ (၉)နာရီ ဝန်းကျင်က အသံတော့ ကြားလိုက်တယ်။ ဒီမနက်မှာ တံတား အချိုးခံရတယ်ဆိုပြီး ကြားတာပဲ။ အရင်တုန်းကတော့ နန်းတော်ချောင်းလို့ ခေါ်တာပေါ့ဗျာ။ အဲဒီနန်းတော်ချောင်းကို အရင်တုန်းက သွားလာနေတုန်းကတော့ အဲဒီနားကွမ်းရွာဘက်မှာ ဘုရားတစ်ဆူရှိတယ်။ အဲဒီဘုရားကိုသွားရင် ကြိုးဆွဲဖောင်နဲ့သွားရတာ။ အဲဒီလိုဖောင်နဲ့သွားရတာကို လားရှိုးမြို့က ဆရာတော်ကြီးတစ်ပါးက အဲဒီဘုရားကို သွားပြုပြင်တဲ့အချိန် ၊ သာသနာတိုးတတ်အောင်သွားပြီး လုပ်တဲ့အချိန် သွားလာရေးခက်ခဲလို့ အဲဒီတံတား (နားကွမ်းတံတား)ကို ထိုးထားတာဗျ" ဟု ဒေသခံတစ်ဦးက NSS ကို ပြောသည်။
နားကွမ်းတံတားသည် အလျားပေ(၂၀၀)ဝန်းကျင်ရှိ၍ လားရှိုးမြို့ရှိ ဆရာတော်တစ်ပါးမှ ဒေသခံများသွားလာရေးလွယ်ကူစေရန် အခိုင်အမာတည်ဆောက်ထားသောတံတားဖြစ်ပြီး မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် တံတားအလယ်မှ ကျိုးကျသွားခဲ့သဖြင့် လက်ရှိတွင် လူ နှင့် မော်တော်ယာဉ်များသွားလာ၍ မရတော့ကြောင်း သိရသည်။
"ဘာတတ်နိုင်မှာလဲ။ ဒီအချိန်မှာကတော့ ပြောလို့ရတဲ့အချိန်မှ မဟုတ်တာ။ စိတ်မကောင်းတာတစ်ခုကတော့ နမ္မတူတို့၊ မန်စံတို့၊ အီနိုင်းတို့က ကျန်းမာရေးအတွက်ကျတော့ ခက်ခဲသွားတာပေါ့။ အဓိက အဲဒီနားကွမ်းတံတားကြီး ကျိုးသွားတော့ ကျန်းမာ ရေးအတွက်ဆိုရင် ဒီလမ်းကို အားထားရတာလေ"ဟု ၎င်းက ဆက်လက်ပြောသည်။
အလားတူ ပြီးခဲ့သည့် ဇန်နဝါရီလ ၁ ရက်တွင်လည်း TNLA ၊ KIA ပူးပေါင်းအဖွဲ့ဝင်များက လားရှိုးမြို့မှ (၉)မိုင်ခန့်အကွာ၊ အီနိုင်းကျေးရွာအနီး၊ လားရှိုး-နမ္မတူသွားကားလမ်းပေါ်ရှိ "အီနိုင်း" တံတားအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်မြို့၌ အိမ်စီးကားမှ တက္ကစီအား ဝင်တိုက်မိခဲ့ရာမှ အမျိုးသား(၂)ဦး ထိခိုက်ဒဏ်ရာရ
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း