နိုင်ငံကူးလက်မှတ်များ ကိုယ်စားထုတ်ယူခြင်းအတွက် လိုအပ်သည့် အထောက်အထားများကို ကိုရီးယားရှိ မြန်မာသံရုံး ထုတ်ပြန်
Pearl (NSS) - ဇန်နဝါရီ ၁၂
နိုင်ငံကူးလက်မှတ်များ ကိုယ်စားထုတ်ယူခြင်းအတွက် လိုအပ်သည့် အထောက်အထားများကို ကိုရီးယားရှိ မြန်မာသံရုံးက အသိပေးထုတ်ပြန်ထားသည်။
ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ မြန်မာသံရုံးက ယမန်နေ့ (ဇန်နဝါရီ လ ၁၁ ရက်) တွင် အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံကူးလက်မှတ်များ သက်တမ်းတိုးပြီးပါက ရက်ချိန်းပေးထားသည့် နေ့၌ မွန်းလွဲ (၂)နာရီမှ ညနေ (၄)နာရီ အတွင်း ကိုယ်တိုင်ပြန် လည် ထုတ်ယူရမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ပြန်လည်ထုတ်ယူချိန်၌ အကြောင်းအမျိုးမျိုးကြောင့် ကာယကံရှင်ကိုယ်တိုင်ထုတ်ယူနိုင်ခြင်းမရှိခြင်းကြောင့် ကိုယ်စားထုတ်ယူရာတွင် လွဲမှားထုတ်ယူမှု ၊ ပျောက်ဆုံးမှုများ မရှိစေရန် ကိုယ်စားလှယ်လွှဲစာ နှင့် ပြန်လည်ထုတ်ယူရန် ရက် ချိန်းပေးထားသည့် စာရွက် (Receipt) တို့ဖြင့် လာရောက်ထုတ်ယူရမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကာယကံရှင်နှင့် ကိုယ်စားထုတ်ယူသူတို့၏ နိုင်ငံကူးလက်မှတ်မိတ္တူ နှင့် ID Card မိတ္တူ စသည့် အထောက်အထား များလည်း ပါရှိရမည်ဖြစ်ကြောင်း ကိုရီးယားသံရုံးက အသိပေးထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
(၂)လနီးပါးအတွင်း ဆန်စပါးသိုလှောင်ရုံပေါင်း(၁၇၀)ကျော် မှတ်ပုံတင်ခဲ့ပြီး ရန်ကုန်တိုင်းမှ အများဆုံးမှတ်ပုံတင်ထား
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ