ရုရှားက ဥရောပသမဂ္ဂကိုလိုအပ်သည်ထက် ဥရောပသမဂ္ဂက ရုရှားကို ပိုမိုလိုအပ်ကြောင်း သမ္မတပူတင်ပြော
Pika (NSS) - ဇန်နဝါရီ ၁၂
ရုရှားနိုင်ငံသည် ပြည်ပဖိအားများအောက်တွင် ကျရှုံးခဲ့ခြင်းမျိုးမရှိဘဲ ခံနိုင်ရည်ရှိသည်ကို ပြသနိုင်ခဲ့ကြောင်း ပူတင်က ဇန်နဝါရီလ(၁ဝ)ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
ပိတ်ဆို့အရေးယူမှုများရှိနေသော်လည်း ရုရှား၏ စီးပွားရေးမှာ ကြီးထွားလာကြောင်းနှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက ခက်ခဲသောအချိန်များကို ဖြတ်သန်းနေရချိန်တွင် ရုရှားနိုင်ငံက ကိုယ်တိုင်ပြီးပြည့်စုံသောနိုင်ငံ တစ်နိုင်ငံအဖြစ် ရပ်တည်နေကြောင်း ပူတင်က ပြောခဲ့သည်။
ရုရှားနိုင်ငံ အရှေ့ဖျားပိုင်းရှိ Chukotka ဒေသတွင် နေထိုင်သူများနှင့် တွေ့ဆုံစဉ်ပူတင်က ယခုကဲ့သို့ မှတ်ချက်ပြု ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယူကရိန်းနှင့်စစ်ပွဲဖြစ်ပွားနေချိန်အတွင်း ရုရှားစစ်တပ်ကို ကူညီပေးနေသည့် စေတနာ့ဝန်ထမ်းအဖွဲ့များရရှိခဲ့သည့် ခြိမ်းခြောက်စာများနှင့်ပတ်သက်သည့်မေးခွန်းများကို ပူတင်က ပြန်လည်တုံ့ပြန်ဖြေဆိုခဲ့ကြောင်းလည်း သိရသည်။
ပူတင် က "ရုရှားနိုင်ငံသားတွေဟာ ပြည်ပကနေ ခြိမ်းခြောက်စာတွေကို ရရှိနေတယ်ဆိုတာ ပုံမှန်ပါပဲ။ ဒါက ကျွန်တော်တို့ကို မတုန်လှုပ်စေပါဘူး။ ဥရောပသမဂ္ဂဟာ သူတို့ရဲ့ပြည်တွင်းရေးပြဿနာတွေကိုသာ အာရုံစိုက်သင့် ပါတယ်။ ဥရောပသမဂ္ဂဟာ ကိုယ့်အကြောင်းကိုပဲ တွေးသင့်ပါတယ်။ မနက်ဖြန် ဘာဝတ်ရမလဲ၊၊ ဘာစားရမလဲ ဆိုတာကိုပဲ တွေးသင့်ပါတယ်။ သူတို့တွေမှာ ကျွန်တော်တို့ပြဿနာတွေနဲ့မတူတဲ့ပြဿနာတွေ အများကြီးရှိပါတယ်" ဟု ပြောခဲ့သည်။
ရုရှားနိုင်ငံသည် ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့ပြီးနောက် ပိတ်ဆို့အရေးယူမှု အချမှတ်ခံရဆုံး နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့ကြောင်းလည်း သိရသည်။ အနောက်အုပ်စုနိုင်ငံ အများအပြားသည် ယူကရိန်းအရေးနှင့်ပတ်သက်ပြီး ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများကို အကြိမ်ကြိမ်ချမှတ်ခဲ့ကြောင်းလည်း သိရသည်။ ရုရှားအပေါ်ချမှတ်ထားသည့် နောက်ဆုံးပိတ်ဆို့အရေးယူမှုမှာ စိန်ကုန်သွယ်မှုကို ပစ်မှတ်ထားခြင်း ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စပို့တင်းလစ္စဘွန် ကွင်းလယ်လူ Morten Hjulmand ကို ခေါ်ယူဖို့အတွက် တောင်ပံကစားသမား ဖာကွမ်ဒို ပယ်လီစထရီကို ကမ်းလှမ်းခဲ့တဲ့ မန်ယူ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း