အဓိကရုဏ်းများအတွင်း အနည်းဆုံးလူ(၁၅)ဦးသေဆုံးခဲ့ပြီးနောက် အကြမ်းဖက်မှုများကို ဖြိုခွင်းသွားမည်ဖြစ်ကြောင်း ပါပူဝါနယူးဂီနီအစိုးရ ကတိပြု
Pika (NSS) - ဇန်နဝါရီ ၁၁
ပါပူဝါနယူးဂီနီနိုင်ငံရှိ မြို့ကြီးနှစ်ခုတွင် အဓိကရုဏ်းများဖြစ်ပွားခဲ့ပြီး လူ(၁၅)ဦးသေဆုံးခဲ့ပြီးနောက် အကြမ်းဖက် မှုများကို ဖြိုခွင်းသွားမည်ဖြစ်ကြောင်း ပါပူဝါနယူးဂီနီဝန်ကြီးချုပ် James Marape က ဇန်နဝါရီလ(၁၁)ရက်တွင် ကတိပြုခဲ့သည်။
Port Moresby မြို့တွင် စစ်သားများ၊ ရဲအရာရှိများ နှင့် ထောင်စောင့်များက အစိုးရကိုဆန့်ကျင်သည့် ဆန္ဒပြပွဲများ ပြုလုပ်ပြီးနောက် ဇန်နဝါရီလ(၁ဝ)ရက် ညနေပိုင်းတွင် အကြမ်းဖက်မှုများဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့အပြင် ဒေါသထွက်နေသော လူအုပ်ကြီးသည် ဈေးဆိုင်များ နှင့် အဆောက်အဦးများကို မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့ကြောင်းလည်း သိရသည်။
မြို့ကြီးနှစ်ခုတွင် အကြမ်းဖက်မှုများဖြစ်ပွားခဲ့ခြင်းကြောင့် အနည်းဆုံးလူ(၁၅)ဦး သေဆုံးခဲ့ကြောင်း ရဲမင်းကြီး ဒေးဗစ်မန်းနင်းက ဇန်နဝါရီလ(၁၁)ရက် မွန်းလွဲပိုင်းတွင် အတည်ပြုပြောကြားခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ် James Marape သည် ပြည်သူများကို တောင်းပန်ခဲ့ပြီး အကြမ်းဖက်မှုများကို သည်းခံသွားမည်မဟုတ်ကြောင်း ပြောခဲ့သည်။
၎င်းက "ကျွန်တော့်နိုင်ငံ၊ပြည်သူတွေကို ပြောချင်တာကတော့ ဒါဟာ ကျွန်တော်တို့နိုင်ငံပါ။ ဥပဒေကို ချိုးဖောက်တဲ့ လုပ်ရပ်တွေကို ဖြိုခွင်းသွားမှာပါ" ဟု ပြောခဲ့သည်။ ဇန်နဝါရီလ(၁၁)ရက် နံနက်ပိုင်းတွင် အကြမ်းဖက်မှုများ ငြိမ်သက်သွားခဲ့သော်လည်း Port Moresby မြို့၏ အချို့နေရာတွင် တင်းမာမှုများရှိနေဆဲဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
AFPTV မှ တင်ထားသောဗီဒီယိုဖိုင်များထဲတွင် လုယက်သူများသည် ပြတင်းပေါက်များမှတစ်ဆင့် စတိုးဆိုင်များ အတွင်းသို့ ခိုးဝင်ကာ ကတ်ထူပုံးများ၊ လက်တွန်းလှည်းများ၊ ပလက်စတစ်ပုံးများဖြင့် ကုန်ပစ္စည်းများကို ခိုးယူနေကြ သည်ကိုလည်း တွေ့မြင်ခဲ့ရသည်။ အမျိုးသားတစ်ဦးသည် ၎င်း၏ ကျောကုန်းပေါ်တွင် ရေခဲသေတ္တာတစ်ခုလုံးကို တင်ကာ ခိုးယူသွားသည်ကိုလည်း တွေ့မြင်ခဲ့ရသည်။
ထို့အပြင် အဆောက်အဦးများနှင့်ကားများလည်း မီးရှို့ခံခဲ့ရပြီး အချို့နေရာများတွင် မီးခိုးများထူထပ်စွာ ပျံ့နှံ့နေ သည်ကိုလည်း တွေ့မြင်ခဲ့ရသည်။ ဆူပူအကြမ်းဖက်သူများသည် တရုတ်နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများကို ပစ်မှတ်ထားနေသည်ဟု သတင်းများထွက်ပေါ်လာပြီးနောက် တရုတ်အစိုးရက ပါပူဝါနယူးဂီနီအစိုးရကို တိုင်ကြားမှုများ လုပ်ဆောင်ခဲ့ကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဟိုပန်နဲ့ ပန်လုံကို "ဝ" တပ်ဖွဲ့လက်ထဲ ထည့်ပေးတဲ့သူ သမိုင်းတရားခံဖြစ်လိမ့်မယ်၊ ပြင်ဦးလွင်နားက သံဘိုစခန်းကိစ္စ စစ်တပ်ကိုစိန်ခေါ်တဲ့ PDF၊ ကရင်အမျိုးသားနေ့ကို ပုန်းလျှိုးကွယ်လျှိုး ပွဲတက်ရတဲ့ ကွယ်ထူးဝင်း (၁၁-၁-၂ဝ၂၄)
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ