Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
လုပ်ငန်းများရပ်နားထားသည့် ထားဝယ်အထူးစီးပွားရေးဇုန်အား ထိုင်းအစိုးရအနေဖြင့် စိတ်ဝင်စားနေပြီး ပြန်လည်ဆက်သွယ်မှုများရှိနေ

ယွန်း (NSS) - ဇန်နဝါရီ ၁၁

 လုပ်ငန်းများရပ်စဲထားသည့် ထားဝယ်အထူးစီးပွားရေးဇုန်အား ထိုင်းနိုင်ငံအစိုးရအနေဖြင့် စိတ်ဝင်စားနေပြီး ပြန်လည်ဆက်သွယ်လာသည့် အနေအထားများရှိနေကြောင်း သိရသည်။


မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဇန်နဝါရီလ(၁၀)ရက်တွင် ကျင်းပခဲ့သည့် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့၏ (၁/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်နေသည့် အထူးစီးပွားရေးဇုန်သုံးခုအနက် တတိယစီမံကိန်းတစ်ခုဖြစ်သည့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းကို ၂၀ဝ၈ ခုနှစ်တွင်အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ကြသည်။

ထို့သို့ဆောင်ရွက်လျက်ရှိရာ နောက်ပိုင်းကာလများ၌ အကြောင်းအမျိုးမျိုးကြောင့် တာဝန်ပေးထားသည့် အီတာလျံ-ထိုင်းကုမ္ပဏီအနေဖြင့် ရှေ့ဆက်မတိုးနိုင်ဘဲ လုပ်ငန်းကို ရပ်စဲထားခဲ့ရာ ဖြေရှင်းဆောင်ရွက်ရမည့် အနေအထားများရှိနေကြောင်း ဗဟိုအဖွဲ့ ဥက္ကဋ္ဌက အသိပေးပြောကြားထားသည်။

သို့သော် ထိုင်းနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲကြောင့် ထားဝယ်အထူးစီးပွားရေးဇုန်ကို ထိုင်းနိုင်ငံအစိုးရနှင့် ချိတ်ဆက်ဆောင် ရွက်နိုင်ရန် အစီအစဥ်ရှိနေသည်ကို သိရကြောင်း ၎င်းက ပြော သည်။

လက်ရှိတွင် ထိုင်းအစိုးရအနေဖြင့် ထားဝယ်အထူးစီးပွားရေးဇုန်ကိစ္စကို စိတ်ဝင်စားပြီး ပြန်လည်ဆက်သွယ်လာသည့် အနေအ ထားများရှိနေသည့်အတွက် အဆိုပါကိစ္စရပ်အပေါ်တွင် လိုအပ်သလိုပူးပေါင်းဆောင်ရွက်သွားရေး ၎င်းက တိုက်တွန်းပြောကြားထားသည်။

“တစ်ဖက်နိုင်ငံက စိတ်ဝင်စားမှုရှိနေတယ်ဆိုတာက စီးပွားရေးပြန်လည်နလန်ထဖို့အတွက်ရော ပြည်တွင်း၊ ပြည်ပအလုပ်အ ကိုင်တွေ၊ လုပ်ငန်းတွေ ပြန်ပြီးတော့ကောင်းမွန်ဖို့အတွက်ရော ပိုပြီးတော့ကောင်းလာမယ်လို့ထင်ပါတယ်။ အခွင့်အရေးလေးရတာတော့ကောင်းတယ်။ အချိန်အများကြီးယူရမယ်။ ပြည်တွင်းကရော နိုင်ငံခြားကရော ရင်းနှီးမြှုပ်မှုတွေ ဝင်လာမှအဆင်ပြေမှာပေါ့။ အရင်းအနှီးလည်းများလိမ့်မယ်။ ရေရှည်မှာ တိုင်းပြည်အတွက်လည်း လိုတယ်။ ပြည်သူတွေအတွက်ရော၊ လုပ်ငန်းတွေအတွက်လည်းလိုတဲ့ စီးပွားရေးဇုန်ကြီးပေါ့”ဟု စီးပွားရေးပညာရှင်တစ်ဦးက NSS ကို သုံးသပ်ပြောကြားထားသည်။

ထားဝယ် အထူးစီးပွားရေးဇုန်သည် ဟက်တာ ၂ဝဝဝဝ အကျယ် အဝန်းရှိပြီး စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ပြီးစီးပါက အရှေ့တောင်အာရှတွင် အကြီးဆုံးစီးပွားရေးဇုန် ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။

အထူးစီးပွားရေးဇုန်တွင် ထားဝယ် ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်နယ်မြေ နှင့် ထိုင်းနိုင်ငံ ကန်ချနပူရီသို့ သွယ်တန်းဖောက်လုပ်မည့် ၁ဝ၅ မိုင်အရှည်ရှိ ၈ လမ်းသွား စူပါဟိုင်းဝေးကားလမ်း၊ ရထားလမ်း၊ ဓာတ်အားလိုင်းများ၊ ရေနံ၊ သဘာဝပိုက်လိုင်းများ ပါဝင်ပြီး နယ်ခြားဝင်ထွက်ဇုန်တို့ ပါဝင်ရန် စီစဉ်ထားခဲ့ကြောင်း သိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဟူသီလက်နက်ကိုင်အုပ်စုက အမေရိကန်သင်္ဘောတွေကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ ပစ်မှတ်ထားတိုက်ခိုက်မယ်လို့ ခြိမ်းခြောက်

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved