အမျိုးသားတစ်ဦး အထပ်မြင့်တိုက်(၈)လွှာမှခုန်ချခဲ့၍ ပွဲချင်းပြီးသေဆုံးမှု ရန်ကုန်၌ဖြစ်ပွား
စော (NSS) - ဇန်နဝါရီ ၁၁
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(မြောက်ဒဂုံ)မြို့နယ်၌ တက္ကစီမောင်းနှင်သည့် အမျိုးသားတစ်ဦး အထပ်မြင့်တိုက် (၈)လွှာပေါ်မှ ခုန်ချခဲ့ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ အမျိုးသားသည် ယမန်နေ့(ဇန်နဝါရီလ ၁၀ ရက်)၊ ည (၁၀)နာရီဝန်းကျင်အချိန်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၄၂ ရပ်ကွက်၊ ဗိုလ်မင်းရောင်အိမ်ရာရှိ အထပ်မြင့်တိုက်တစ်လုံး ၏(၈)လွှာပေါ်မှ ခုန်ချခဲ့ခြင်းဖြစ်ကြောင်း ဝန်းရံမှူးလူမှုကူညီကယ်ဆယ်ရေးအသင်းထံမှ သိရသည်။
“သူ့အိမ်က ဗိုလ်မင်းရောင်အိမ်ရာထဲမှာ။ သူ့အလုပ်အကိုင်က တက္ကစီမောင်းတယ်။ ကားပြန်သိမ်းပြီးတော့ အပေါ်တက်လာတယ်။ အိမ်ပေါ်တက်တာကို သူ့အခန်းထဲမရောက်ဘဲနဲ့ အဲဒီပေါ်ကနေ ခုန်ချသွားတယ်။ (၈)လွှာ အပေါ်ဆုံးအထပ်ပေါ့။ ကျွန် တော်တို့ရောက်တဲ့အချိန်မှာ သေဆုံးနေပြီ”ဟု ဝန်းရံမှူးလူမှုကူညီကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
ခုန်ချသည့် အမျိုးသားသည် အသက်(၄၂)နှစ်အရွယ်ရှိ ဦးကျော်မျိုးဟန်ဖြစ်ပြီး ၎င်းသည် တက္ကစီမောင်းသည့် အလုပ်ကိုလုပ်ကိုင်နေသူဖြစ်ကြောင်း ၎င်းကပြောသည်။
၎င်း၏ရုပ်အလောင်းအား ဝန်းရံမှူးလူမှုကူညီကယ်ဆယ်ရေးအသင်းကားဖြင့် မြောက်ဥက္ကာပဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပင်လယ်နီဒေသကဖြတ်သန်းနေတဲ့ကုန်စည်သင်္ဘောတွေကို တိုက်ခိုက်နေခြင်းအပေါ် ရပ်တန့်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ တိုက်တွန်းတောင်းဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း