လာအိုနိုင်ငံက အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူချိန်၌ ဦးစားပေးဆောင်ရွက်မည့်လုပ်ငန်းများကို နစက ဥက္ကဋ္ဌ နှင့် အာဆီယံအထူးကိုယ်စားလှယ်တို့ ဆွေးနွေး
ကျော်(NSS) - ဇန်နဝါရီ ၁၁
ယခုနှစ် ၂၀၂၄ ခုနှစ်တွင် လာအိုနိုင်ငံက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်သည့်အချိန်၌ ဦးစားပေးအကောင်အထည် ဖော်ဆောင်ရွက်မည့်လုပ်ငန်းများနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် အာဆီယံဥက္ကဋ္ဌ၏ မြန်မာ နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် H.E. Mr. Alounkeo Kittikhoun တို့တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
နစက ဥက္ကဋ္ဌက ယမန်နေ့ (ဇန်နဝါရီလ ၁၀ ရက်)၊ နံနက်ပိုင်းက အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် H.E. Mr. Alounkeo Kittikhoun အား နေပြည်တော်၌ လက်ခံတွေ့ ဆုံစဥ် အထက်ပါကဲ့သို့ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
နစက ဥက္ကဋ္ဌ နှင့် အာဆီယံအထူးကိုယ်စားလှယ်တို့တွေ့ဆုံစဥ် မြန်မာနိုင်ငံ၌ နိုင်ငံရေးသဘောထားကွဲလွဲမှုကို နိုင်ငံရေးအရဖြေရှင်းမှုမပြုဘဲ လက်နက်ကိုင်အကြမ်းဖက်မှုများ လုပ်ဆောင်လာမှု၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့်အမျိုးသားရင်ကြားစေ့ရေးအတွက် နိုင်ငံတော်အစိုးရမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိမှုတို့ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့အတူ နစက ဥက္ကဋ္ဌမှ ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာရှိစေရန် တပ်မတော်အနေဖြင့် အခိုင်အမာရပ်တည်ဆောင်ရွက်လျက်ရှိသည်ဟု ဆွေး နွေးပြောကြားခဲ့သည်။
နစကအနေဖြင့် နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိကာ နိုင်ငံရေးမျှော်မှန်းချက်နှင့်အမျိုးသားရေးမျှော်မှန်းချက်များကို ချမှတ်ဆောင်ရွက်လျက်ရှိပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများပေးရာ တွင်လည်း အပြည့်အဝပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု ဆွေးနွေးပြောကြားခဲ့သည်။
ထို့ပြင် နစက ဥက္ကဋ္ဌနှင့်အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တို့သည် ၂၀၂၄ ခုနှစ်၊ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်သည့်အချိန်၌ ဦးစားပေးအ ကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများ၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံဘုံသဘောတူညီချက်(၅)ရပ်အပေါ် နစကမှချမှတ်ဆောင်ရွက်လျက်ရှိသည့် ရှေ့လုပ်ငန်းစဉ်များနှင့်ချိန်ညှိ အကောင်အထည်ဖော်ဆောင်ရွက်နေမှုတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်ဝမ်ရွေးကောက်ပွဲကို ကြားဝင်စွက်ဖက်တာမျိုးမလုပ်ဖို့ တရုတ်နိုင်ငံကို အမေရိကန်အစိုးရ သတိပေး
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း