ဗြိတိန်တွင် အခွန်ဆောင်ထားကြောင်း အထောက်အထားပြသနိုင်ပါက ဝင်ငွေခွန် ထပ်ဆောင်ရန် မလိုအပ်ကြောင်း မြန်မာသံရုံးအသိပေး
သုတကျော် (NSS) - ဇန်နဝါရီ ၁၀
မြန်မာ နှင့် ဗြိတိန် အကြား အခွန်နှစ်ထပ်ကျသင့်မှု မရှိစေရေး သဘောတူစာချုပ်အရ ဗြိတိန်တွင် အခွန်ဆောင်ထားကြောင်း အထောက်အထားပြသနိုင်ပါက ဝင်ငွေခွန်ထပ်ဆောင်ရန် မလို အပ်ကြောင်း ဗြိတိန်နိုင်ငံဆိုင်ရာမြန်မာသံရုံး၏ ဇန်နဝါရီလ ၁၀ ရက်ထုတ်ပြန်ချက်အရ သိရသည်။
ပြည်ပတွင် ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများ၏ ပြည်ပတွင် နိုင်ငံခြားငွေဖြင့်ရရှိသည့် စုစုပေါင်း လစာဝင်ငွေအပေါ် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၀ ရက်မှစတင်ကာ ဝင်ငွေခွန် ထမ်းဆောင်ရမည်ဖြစ်ကြောင်း နှင့် ထမ်းဆောင်ရာတွင် လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများကို စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသည်။
ဗြိတိန်နိုင်ငံသို့ ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများ အနေ ဖြင့် မြန်မာနိုင်ငံ နှင့် ဗြိတိန်နိုင်ငံအကြား အခွန်နှစ်ထပ်ကျသင့်မှု မရှိစေရေး သဘောတူစာချုပ်အရ ဗြိတိန်တွင် အခွန်ဆောင်ထားကြောင်း အထောက်အထားပြသနိုင်ပါက ဝင်ငွေခွန်ထပ်ဆောင်ရန် မလိုအပ်ကြောင်း အသိပေးထားသည်။ သို့သော် ဝင်ငွေခွန်ပေးဆောင်ထားသည့် အထောက်အထားပြသနိုင်ခြင်းမရှိပါက သို့မဟုတ် ဝင်ငွေခွန် ထမ်းဆောင်ရမည့် လစာပမာဏအောက် လျော့နည်းရရှိပါက ရရှိသော လစာ၏ (၂)ရာခိုင်နှုန်းကို လစဉ်ဝင်ငွေခွန်အဖြစ် ပေးဆောင်ရမည်ဖြစ်ကြောင်း မြန်မာသံရုံးက အသိပေးထားသည်။
ဆွီဒင်၊ ဒိန်းမတ် နှင့် အိုင်ယာလန်နိုင်ငံများတွင် ရောက်ရှိကာ အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် ဝင်ငွေခွန်ပေးဆောင်ရမည်ဖြစ်ပြီး စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက သတ်မှတ်ထားသည့် အလုပ်အကိုင် အမျိုးအစားအလိုက် လစာ၏ (၂)ရာခိုင်နှုန်းကို အခွန်ပေးဆောင်ရမည် ဖြစ်ကြောင်းလည်း သိရသည်။
သာမန် မြန်မာနိုင်ငံကူး လက်မှတ်သက်တမ်းတိုးခြင်း၊ ပျက်စီး၊ ပျောက်ဆုံးသည် မြန်မာနိုင်ငံကူးလက်မှတ်အား အသစ်လျှောက် ထားခြင်း၊ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် လျှောက်ထားခြင်းစသည့် ကောင်စစ်ဆိုင်ရာကိစ္စများ ဆောင် ရွက်ရာတွင် ဝင်ငွေခွန်ကင်းရှင်းကြောင်း အထောက်အထား ပြသနိုင်မှသာ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းလည်း သိရသည်။
ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက အခွန်ထမ်းဆောင်သူများအား QR ကုတ် အမှတ်အသားပါ အခွန်ပေးသွင်းမှု အထောက်အထား လက်မှတ်ထုတ်ပေးမည်ဖြစ်ကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ကစားသမားဝယ်ယူခြင်း (သို့မဟုတ်) ရောင်းချခြင်းများ ရှိလာမည်မဟုတ်ကြောင်း ချဲလ်ဆီးနည်းပြပြော
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ