Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပုဂံတွင် ဟိုတယ်များ တည်ဆောက်ခြင်းနှင့်ပတ်သက်၍ ပုဂံဒေသဆိုင်ရာ ဟိုတယ်မဟာဗျူဟာရေးဆွဲရေးလုပ်ငန်းကို ပြန်လည်စတင်ရန် ဆောင်ရွက်နေ

သုတကျော် (NSS) - ဇန်နဝါရီ ၁၀ 

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ဟိုတယ်များ တည်ဆောက်ခြင်းနှင့်ပတ်သက်၍ ပုဂံဒေသဆိုင်ရာ ဟိုတယ်မဟာဗျူဟာရေးဆွဲရေးလုပ်ငန်းကို ပြန်လည် စတင်ရန် ဆောင်ရွက်နေကြောင်း သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပုဂံဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက NSS သတင်းဌာနကို ပြောသည်။ 


ပုဂံဒေသဆိုင်ရာ ဟိုတယ်မဟာဗျူဟာ (မူကြမ်း)တွင် ပါရှိသည့်တင်ပြချက်များနှင့်ပတ်သက်သည့် အစည်း အဝေးကို ဇန်နဝါရီလ ၈ ရက် နှင့် ၉ ရက်တို့တွင် ပုဂံရှေးဟောင်းသုတေသနပြတိုက်၌ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ 

“ပထမ အကြိမ်ပဲ ရှိသေးတယ်။ ဘာမှ ရလဒ်မရသေးဘူး။ ဟိုတယ်လုပ်ငန်းရှင်တွေ နဲ့ ဌာနဆိုင်ရာတွေ အကြို ဆွေးနွေးတာပဲရှိသေးတယ်။ ဒုတိယအကြိမ် ဘယ်တော့ လုပ်မယ်ဆိုတာ မသတ်မှတ်ရသေးဘူး။ အဓိကတော့ ဒီဟာအတွက် ကော်မတီတစ်ခုဖွဲ့ထားတယ်။ ဟိုတယ်ခရီးက ဒုညွှန်ချုပ်ရယ်၊ ရှေးဟောင်းဘက်က ဒုညွှန်ချုပ်ရယ်ပါတာ ဖွဲ့ထားတာ။ အဲဒီ ကော်မတီကနေ မဟာဗျူဟာကို ရေးမှာ။ ဒါက ပထမအကြိမ်လုပ်တဲ့ အစည်းအဝေးပါ” ဟု ဦးကျော်မျိုးဝင်းက ပြောသည်။ 

ပုဂံဒေသအား ကမ္ဘာ့အမွေအနှစ်တင်သွင်းစဉ်က ဟိုတယ်နှင့်ပတ်သက်သည့် ပုဂံဒေသဆိုင်ရာဟိုတယ် မဟာဗျူဟာ ရေးဆွဲရေးစီမံကိန်း(Bagan Hotel Strategy)ရေးဆွဲဆောင်ရွက်ရန် ဟိုတယ်လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင် သြစတြေးလျ နိုင်ငံသား   Dr. Richard Mackay ကို ၂၀၂၀ ခုနှစ်မှစတင်၍ ငှားရမ်း ရေးဆွဲစေခဲ့ပြီး ၂၀၂၀ ခုနှစ်၊ ဇွန်လတွင် “Bagan Hotel Scoping Study” မူကြမ်းကို ကမ္ဘာ့အမွေအနှစ် ကော်မ တီသို့ ပေးပို့ရသည့် နှစ်စဉ်အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြခဲ့ကာ Bagan Hotel Strategy ကို ပြီးပြည့်စုံစွာဖြင့် အပြီးသတ်ရေးဆွဲသွားမည်ဟုလည်း ကမ္ဘာ့အမွေ အနှစ်ကော်မတီသို့ ကတိကဝတ်ပြုထားကြောင်း သိရသည်။ 

ရေးဆွဲနေသည့် Bagan Hotel Strategy  မပြီးမီ ဟိုတယ်တည်ဆောက်ခြင်း၊ ပြင်ဆင်ခြင်းများကို မဆောင်ရွက်ရန် ပညာရှင် Dr. Richard Mackay က မေတ္တာရပ်ခံထားရာ  သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဦးဆောင်ပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနတို့ တွေ့ဆုံပူးပေါင်း၍ ရပ်နားထားခဲ့ကြောင်း သိရသည်။

သို့သော်လည်း ပုဂံဒေသတွင် ဟိုတယ်များ ဆောက်လုပ်လာမှု အခြေအနေကို တွေ့ရှိရသည့်အတွက် Bagan Hotel Strategy  ပြီးစီးအောင် ရေးဆွဲရန်လိုအပ်လာပြီဖြစ်ကြောင်းလည်း သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သိရသည်။ 

Bagan Hotel Strategy သည် ပုဂံကမ္ဘာ့ အမွေအနှစ်ဒေသ၏ အနာဂတ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် လုပ် ဆောင်ခြင်းဖြစ်ကာ ကောင်းမွန်သော စီမံခန့်ခွဲမှုအတွက် အသေးစိတ်ရေးဆွဲမည်ဖြစ်ပြီး Bagan Hotel Strategy မူကြမ်းကို ပုဂံဒေသအမျိုးသားအဆင့်ပူးပေါင်းဆောင် ရွက်ရေးကော်မတီ Bagan National Coordinating Committee – BAGANCOM) နှင့် နိုင်ငံတော်အဆင့်အထိတင်ပြပြီးနောက် ကမ္ဘာ့အမွေအနှစ် ကော်မတီသို့ ဆက်လက်တင်ပြရမည်ဖြစ်ကြောင်းလည်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ယူကရိန်းအစိုးရက အမျိုးသမီးများအတွက် စစ်ယူနီဖောင်းအစုံရေ(၅)သောင်းကို ဝယ်ယူခဲ့ဟုဆို

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved