သပိတ်ကျင်းမြို့နယ်တွင် ထွေအုပ်ရုံးနှင့်ရဲစခန်းအနီးတို့၌ နာရီဝက်သာခြား၍ Drop Bomb (၆) လုံး ပေါက်ကွဲခဲ့
ကျော် (NSS) - ဇန်နဝါရီ ၁၀
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းနယ်မြေရှိ ထွေအုပ်ရုံးနှင့်ရဲစခန်းအနီးတို့တွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၈ ရက်ညပိုင်းက နာရီဝက်သာခြား၍ Drop Bomb (၆)လုံး ပေါက်ကွဲခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။
အဆိုပါနေ့ ည ၉ နာရီခွဲကျော်ခန့်က လက်နက်ကိုင်အဖွဲ့ဝင်များသည် Drone ယာဥ်အသုံးပြုကာ သပိတ်ကျင်းမြို့နယ်၊တကောင်းနယ်မြေရှိ ထွေအုပ်ရုံးအား Drop Bomb (၄)လုံးဖြင့်ပစ်ချတိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။
"ထွေအုပ်ရုံးမှာ Drop Bomb ပေါက်ကွဲမှုတွေရှိခဲ့တယ်။ ၄ လုံး ပေါက်ကွဲခဲ့ပါတယ်။ ညပိုင်းဖြစ်တဲ့အတွက် ထိခိုက်ဒဏ်ရာရသူမရှိခဲ့ဘူး။ အဆောက်အဦးပျက်စီးတာတွေတော့ရှိတယ်။ လိုအပ်တဲ့စုံစမ်းစစ်ဆေးမှုတွေလုပ်နေပါတယ်"ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးက NSS ကိုပြောသည်။
Drop Bomb များသည် ထွေအုပ်ရုံးရှိ အစည်းအဝေးခန်းမပေါ်သို့ကျရောက်ပေါက်ကွဲခဲ့သဖြင့် အမိုးသွပ်များနှင့်တန်းများပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ထို့ပြင် အဆိုပါနေ့ ည ၁၀ နာရီခန့်တွင်လည်း လက်နက်ကိုင်အဖွဲ့ဝင်များသည် တကောင်းနယ်မြေရဲစခန်းအား Drone ယာဥ်အသုံးပြု၍ Drop Bomb (၂)လုံးဖြင့် ပစ်ချတိုက်ခိုက်ခဲ့ရာ Bomb များသည် ရဲစခန်းအနီးရှိ သပြေစိုက်ခင်းအတွင်းသို့ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။
အဆိုပါ တကောင်းနယ်မြေရဲစခန်းအနီး သပြေစိုက်ခင်းအတွင်း Drop Bomb (၂)လုံးကျရောက် ပေါက်ကွဲမှုဖြစ်စဥ်တွင် လူထိခိုက်ဒဏ်ရာရရှိမှုနှင့်သေဆုံးမှုမရှိခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Mann Shwesettaw Pagoda Festival to celebrate for 64 days this year
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ