KK Park ဒေသရှိ ကျားဖြန့်ကိစ္စရပ်များကို KNU က ထိုင်း၊ တရုတ်တို့နှင့် ပူးပေါင်းနှိမ်နင်းမည်ဆိုသည်မှာ လိမ်လည်ခြင်းဖြစ်ဟု နစကပြော
မြူနစ် (NSS) - ဇန်နဝါရီ ၁၀
ကရင်ပြည်နယ်၊ မြဝတီမြို့အနီး KK Park ဒေသရှိ ကျားဖြန့်ကိစ္စရပ်များကို KNU က ထိုင်း၊ တရုတ်တို့နှင့် ပူးပေါင်းနှိမ်နင်းမည်ဆိုသည်မှာ လိမ်လည်ခြင်းဖြစ်ကြောင်း နစကပြောခွင့်ရက တုံ့ပြန်လိုက်သည်။
နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့(ဇန်နဝါရီလ ၉ ရက်)တွင် နိုင်ငံအတွင်းဖြစ်ပေါ်နေသည့်အခြေအနေများ နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
မြဝတီမြို့၏ တောင်ဘက်ရှိ KK Park ဒေသသည် ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် ကုမ္ပဏီတစ်ခုတို့ လက်မှတ်ရေးထိုးကာ တည်ဆောက်ခဲ့သောနေရာဖြစ်ကြောင်း နစကမှ ထုတ်ဖော်ပြောကြားထားသည်။
“မြဝတီမြို့ရဲ့တောင်ဘက်မှာ ကေကေပတ်ဆိုတဲ့ နေရာတစ်ခုရှိပါတယ်။ ဒီနေရာသည် KNU နဲ့ ကုမ္ပဏီတစ်ခုနဲ့ လက်မှတ်ထိုးပြီး တည်ဆောက်ခဲ့တဲ့ နေရာဖြစ်ပါတယ်။ ဒီနေ့မှာ KNU အနေနဲ့ ပညာတတ်ထုတ်တဲ့ပုံစံမျိုး လုပ်ခဲ့တာတွေ့ရပါတယ်။ ဗြောင်လိမ်ဗြောင်စား လုပ်တဲ့ပုံစံမျိုး လုပ်ခဲ့တာတွေ့ရပါတယ်။ မြဝတီမြို့အနီးမှာရှိတဲ့ အွန်လိုင်းလိမ်လည်မှု ကျားဖြန့်ကိစ္စတွေနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံအစိုးရ၊ တရုတ်အစိုးရတို့နဲ့ပူးပေါင်းပြီး ဆောင်ရွက်မယ်ဆိုတဲ့ဟာမျိုး ထုတ်ပြန်ခဲ့တာရှိပါတယ်။ ဗြောင်လိမ်ဗြောင်စားလုပ်ဆောင်ခြင်းသာဖြစ်တယ်လို့ ကျွန်တော်ပြောကြားလိုပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ထို့ပြင် KK Park သည် အွန်လိုင်းလောင်းကစားမှု၊ လူမှောင်ခိုလုပ်မှုများဖြင့် နာမည်ကြီးသော ဒေသတစ်ခုဖြစ်ပြီး ပြည်သူ အားလုံးအနေဖြင့် သတိရှိရန်လိုအပ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။
ပြီးခဲ့သော ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ထိုင်းဘုရင့်တပ်မတော်၊ ပူးပေါင်းစစ်ဆင်ရေး ညွှန်ကြားရေးမှူးတို့တွေ့ဆုံခဲ့ပြီး ယင်းကဲ့သို့တွေ့ဆုံစဉ် မြဝတီမြို့နှင့်တစ်ဝိုက်တွင်ရှိနေသော အွန်လိုင်းလောင်းကစားမှု၊ လူမှောင်ခိုမှု၊ ကျားဖြန့်ကိစ္စရပ်များကို ပူးပေါင်းနှိမ်နင်းရန် နစကဘက်က အသိပေးပြောကြားခဲ့ကြောင်း သိရသည်။
သို့သော် ပြီးခဲ့သောရက်ပိုင်းအတွင်း၌ KNU ပြောခွင့်ရ ပဒိုစောတောနီးက နယ်စပ်တစ်လျှောက်တွင် နာမည်ဆိုးဖြင့် ကျော် ကြားနေသည့် ရာဇဝတ်မှုလုပ်ငန်းများကို တိုက်ဖျက်ရန် အဆင်သင့်ဖြစ်နေကြောင်း ရှင်းလင်းပြောကြားထားဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သပိတ်ကျင်းမြို့နယ်တွင် ထွေအုပ်ရုံးနှင့်ရဲစခန်းအနီးတို့၌ နာရီဝက်သာခြား၍ Drop Bomb (၆) လုံး ပေါက်ကွဲခဲ့
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း