ပြီးခဲ့သည့်နှစ်တွင် တရုတ်နှင့်အမေရိကန်ကြား ဆက်ဆံရေးများမှာ တည်ငြိမ်ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြော
Pika (NSS) - ဇန်နဝါရီ ၉
၂ဝ၂၃ ခုနှစ်တွင် အမေရိကန်နှင့် တရုတ်နိုင်ငံကြားဆက်ဆံရေးမှာ တည်ငြိမ်ခဲ့ပြီး နှစ်နိုင်ငံလုံးသည် ၂ဝ၂၄ ခုနှစ်တွင် ပိုမိုကောင်းမွန်သောဆက်ဆံရေးများကို ရရှိအောင်ကြိုးပမ်းနေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက ဇန်နဝါရီလ(၉)ရက်တွင် ထုတ်ဖော်ပြောခဲ့သည်။
ပြီးခဲ့သည့်နှစ်များအတွင်း အမေရိကန်နှင့် တရုတ်တို့သည် နည်းပညာနှင့်ကုန်သွယ်မှုများမှ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စများအထိ ပြဿနာများ အပါအဝင် ထိုင်ဝမ်အရေး၊ တောင်တရုတ်ပင်လယ်အရေးတိုနှင့်ပတ်သက်ပြီး ထိပ်တိုက်ရင်ဆိုင်မှုများရှိခဲ့ကာ တင်းမာမှုများမြင့်တက်လာခဲ့သည်။
အဆိုပါတင်းမာမှုများကို လျှော့ချရန်ကြိုးပမ်းမှုအဖြစ် ပြီးခဲ့သည့်နှစ်နိုဝင်ဘာလတွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် သည် တရုတ်သမ္မတရှီကျင်ဖျင့် နှင့် ဆန်ဖရန်စ္စကိုမြို့တွင် တွေ့ဆုံကာ ဆွေးနွေးမှုများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
"ပြီးခဲ့တဲ့နှစ်အစတုန်းက နှစ်နိုင်ငံကြားဆက်ဆံရေးမှာ ဆိုးရွားတဲ့အခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ အမေရိကန်ဟာ တရုတ်နိုင်ငံအပေါ် အထင်အမြင်လွဲမှားမှုတွေကို ပြောင်းလဲပြီး တရုတ်တစ်ပြည်တည်းမူဝါဒကို လေးစားသင့်ပါတယ်။ အကောင်းဆုံးကြိုးစားပြီးတဲ့နောက်မှာတော့ နှစ်နိုင်ငံလုံးဟာ ဆက်သွယ်ရေးနဲ့ ဆွေးနွေးမှု တွေကို ပြန်လည်ဖွဲ့စည်းနိုင်ခဲ့ပြီး ဆက်ဆံရေးတွေကလည်း ပြန်လည်တည်ငြိမ်လာခဲ့ပါတယ်" ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက ပြောခဲ့သည်။
အမေရိကန်နှင့်တရုတ်နိုင်ငံကြား အဓိကပြဿနာတစ်ခုဖြစ်သည့် ထိုင်ဝမ်ကျွန်းတွင် ရွေးကောက်ပွဲကို ယခုသီတင်းပတ်အတွင်း စတင်ကျင်းပမည်ဖြစ်ကြောင်းလည်း သိရသည်။ ထိုင်ဝမ်ကျွန်းမှာ ၎င်း၏ ပိုင်နက်နယ်မြေ ဖြစ်ကြောင်း တရုတ်အစိုးရက အခိုင်အမာပြောဆိုထားသော်လည်း ထိုင်ဝမ်ကျွန်းကို စစ်ရေး နှင့် နိုင်ငံရေးအရ ဖိအားပေးခြင်းများ ပြင်းပြင်းထန်ထန်မလုပ်ဆောင်ရန် အမေရိကန်က တရုတ်အစိုးရကို သတိပေးထားကြောင်း လည်း သိရသည်။
ထို့အပြင် တောင်တရုတ်ပင်လယ်အတွင်းဖြစ်ပွားနေသော နယ်မြေအငြင်းပွားမှုများနှင့်ပတ်သက်ပြီး အမေရိကန် နှင့် တရုတ်နိုင်ငံကြား တင်းမာမှုများရှိခဲ့ကြောင်းလည်း သိရသည်။ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက လုပ်ဆောင်ခဲ့သော အမေရိကန်သမ္မတဂျိုးဘိုင်ဒန် နှင့် တရုတ်သမ္မတရှီကျင့်ဖျင်တို့၏တွေ့ဆုံမှုအတွင်း ထိုင်ဝမ်လွတ်လပ်ရေးကို အမေရိကန်က မထောက်ခံကြောင်း ပြောဆိုခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက ထုတ်ဖော်ပြောခဲ့ သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံပေါင်း(၁၅)နိုင်ငံမှ ရဟန်း၊ သီလရှင် နှင့် လူပုဂ္ဂိုလ်များဝင်ရောက်ဖြေဆိုသည့် ဒီပလိုမာ(ဗုဒ္ဓဓမ္မ)သင်တန်းဝင်ခွင့်စာမေးပွဲရန်ကုန်၌ကျင်းပ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ