အီရတ်နိုင်ငံအတွင်းရှိ တပ်ဖွဲ့ဝင်များကို ပြန်လည်ရုတ်သိမ်းသွားရန် အစီအစဉ်များမရှိကြောင်း အမေရိကန်စစ်ဘက်ပြော
Pika (NSS) - ဇန်နဝါရီ ၉
အမေရိကန်စစ်တပ်သည် အီရတ်နိုင်ငံတွင်းရှိ ၎င်း၏တပ်ဖွဲ့ဝင်များကို ရုတ်သိမ်းရန် အစီအစဉ်များမရှိကြောင်း အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်က ထုတ်ဖော်ပြောဆိုခဲ့သည်။
အီရတ်နိုင်ငံအတွင်းမှ အမေရိကန်တပ်ဖွဲ့ဝင်များကို ရုတ်သိမ်းပေးရန် စီစဉ်သွားမည်ဖြစ်ကြောင်း အီရတ်အစိုးရက ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ပင်တဂွန်က ယခုကဲ့သို့ ပြန်လည်တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။
"အီရတ်ကနေ တပ်ဖွဲ့ဝင်တွေကို ပြန်လည်ရုတ်သိမ်းသွားမယ့် အစီအစဉ်မျိုး မရှိပါဘူး။ ISIS အကြမ်းဖက်အဖွဲ့ နှိမ်နင်းရေးမစ်ရှင်ကို ကျွန်တော်တို့ ဆက်လက်အာရုံစိုက်သွားမှာပါ" ဟု ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ပက်ရိုက်ဒါက ပြောဆိုထားသည်။
အီရတ်အစိုးရ၏ ဖိတ်ကြားချက်များအရ အကူအညီ နှင့် အကြံပေးအခန်းကဏ္ဍ၏ တစ်စိတ်တစ်ပိုင်းအဖြစ် အမေရိကန်တပ်ဖွဲ့ဝင်(၂၅ဝဝ) သည် အီရတ်နိုင်ငံအတွင်းရှိနေခြင်းဖြစ်သည်။ အမေရိကန်အစိုးရသည် ပြီးခဲ့သည့်နှစ် များအတွင်း ISIS အကြမ်းဖက်အဖွဲ့၏ ရှုံးနိမ့်မှုကို ထုတ်ပြန်ကြေညာခဲ့ပြီးနောက် အီရတ်နိုင်ငံအတွင်းမှ အမေရိကန် တပ်ဖွဲ့ဝင်များ ရုတ်သိမ်းပေးရန် ဖိအားများ တိုးလာခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်တွင် အီရတ်စစ်သွေးကြွတပ်မှူး Mushtaq Jawad Kasim al-Jawari ကို လေကြောင်း တိုက်ခိုက်မှုအတွင်း သတ်ဖြတ်ခဲ့ပြီးနောက် အီရတ်နိုင်ငံတွင်းမှ အမေရိကန်တပ်ဖွဲ့ဝင်များ ရုတ်သိမ်းပေးရန် တောင်းဆိုမှုများ ပိုမိုများပြာလာခဲ့ကြောင်း သိရသည်။
အီရတ်နိုင်ငံအတွင်းမှ အမေရိကန်တပ်ဖွဲ့ဝင်များကို နှင်ထုတ်ရန် စတင်မည့်အကြောင်း အမေရိကန်ကာကွယ်ရေး ဝန်ကြီးဌာနထံ ပေးပို့ထားသည့်အကြောင်းကြားစာကို ပင်တဂွန်စစ်ဌာနချုပ်က သတိမပြုမိကြောင်း ပက်ရိုက်ဒါက ပြောကြားခဲ့သည်။
ပြီးခဲ့သည့်လများအတွင်း အီရတ်နိုင်ငံအတွင်းရှိ အမေရိကန်တပ်ဖွဲ့များကို တိုက်ခိုက်ရာတွင် အီရတ်စစ်သွေးကြွ အရာရှိအယ်လ်ဂျာဝါရီက အဓိကအခန်းကဏ္ဍမှ ပါဝင်သည်ဟု ယုံကြည်ရကြောင်း ပြောဆိုမှုများလည်းရှိနေသည်။ Harakat-al-Nujaba အဖွဲ့ခေါင်းဆောင်သည် အမေရိကန်တပ်ဖွဲ့ဝင်များကို တိုက်ခိုက်ရန်စီစဉ်မှုများတွင် ပါဝင်ခဲ့ကြောင်းလည်း သိရသည်။
အစ္စရေး-ဟားမက်စစ်ပွဲစတင်ဖြစ်ပွားပြီးနောက် အီရတ် နှင့် ဆီးရီးယားရှိ အမေရိကန်တပ်ဖွဲ့များသည် ပြီးခဲ့သည့် အောက်တိုဘာလ(၁၇)ရက်နောက်ပိုင်းကတည်းက အကြိမ်ပေါင်း(၁၂ဝ)ကျော် ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရ ကြောင်းလည်း သိရသည်။ အမေရိကန်စစ်တပ်သည် အီရတ်ရှိ အီရန်ကျောထောက်နောက်ခံပြုစစ်သွေးကြ အဖွဲ့များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းများပြန်လည်လုပ်ဆောင်ခဲ့ပြီး စစ်သွေးကြွအများအပြားကို သတ်ပစ်ခဲ့ ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်တွင် “၅” နှစ်ခန့် မကျင်းပဖြစ်ခဲ့သည့် ကရင်ရိုးရာပျားဖွတ်ပြိုင်ပွဲ ပြန်လည်ကျင်းပမည်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ