အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ကို အစားထိုးခန့် အပ်ခဲ့ပြီး နစက ဥက္ကဋ္ဌရုံး ပြည်ထောင်စုဝန်ကြီးနေရာအချို့ အပြောင်းအလဲဖြစ်
သုတကျော် (NSS) - ဇန်နဝါရီ ၉
အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ကို အစားထိုးခန့် အပ်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး ပြည် ထောင်စုဝန်ကြီးနေရာအချို့လည်း အပြောင်းအလဲဖြစ်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ၏ ဇန်နဝါရီလ ၈ရက် ထုတ်ပြန်ချက်အရ သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတို့အား အမျိုးသားလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဘက်ပေါင်းစုံမှ လေ့လာသုံးသပ်အကြံပြုနိုင်ရန် အတွက် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်တာဝန်ပေးထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် အစား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၄)၊ ပြည်ထောင်စုဝန်ကြီး ဗိုလ် ချုပ်ကြီး မိုးအောင်ကို အစားထိုးခန့်အပ် တာဝန်ပေးလိုက်ကြောင်း ဖော်ပြထားသည်။
ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်းကိုလည်း ထုတ်ပြန်ခဲ့ရာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂)၏ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၁)၏ ပြည်ထောင်စုဝန်ကြီးဖြစ်လာကာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁) ၏ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂)၏ ပြည်ထောင်စုဝန်ကြီး ဖြစ်လာကြောင်း သိရသည်။
ထို့ပြင် တပ်မတော်(ရေ)၏ ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်ခဲ့သည့် ဗိုလ်ချုပ်ကြီး မိုးအောင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၄)၏ ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းနှင့် နိုင်ငံတကာက ၂၄ နာရီ သတင်းများ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ