လူထု သုံးစွဲနေသည့် ဓာတ်အားတစ်ယူနစ်လျှင် (၆၀)ကျပ်ခန့်ကို နိုင်ငံတော်က စိုက်ထုတ်ကျခံနေရပြီး ယခင်ဘဏ္ဍာ နှစ်၌ ကျပ်ဘီလျံ (၁ဝဝဝ) ခန့် စိုက်ထုတ်ခဲ့ရ
ယွန်း (NSS) - ဇန်နဝါရီ ၉
ပြည်သူများသုံးစွဲနေသည့် ဓာတ်အားတစ်ယူနစ်လျှင် (၆ဝ)ကျပ်ခန့်ကို နိုင်ငံတော်က စိုက်ထုတ်ကျခံနေရပြီး ယခင် ဘဏ္ဍာနှစ်(၂ဝ၂၂-၂ဝ၂၃)၌ ကျပ်ဘီလျံ(၁ဝဝဝ) ခန့် ကျခံခဲ့ရကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနထံမှ သိရသည်။
ပြီးခဲ့သော ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်အတွင်း၌ ပြည်သူလူထုအား လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရောင်းချပေး ရာတွင် ကျပ်ဘီလျံ (၁၀၀၀)ခန့် နိုင်ငံတော်က စိုက်ထုတ်ကျခံပေးခဲ့ရကြောင်း သိရသည်။
“နိုင်ငံတော်အနေနဲ့ ပြည်သူတွေအတွက် လိုအပ်တဲ့လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချပေးရာမှာ ဓာတ်အားတစ်ယူနစ်အတွက် ၆၀ ကျပ်ခန့် စိုက်ထုတ်ကျခံပေးနေရပြီးတော့ ပြီးခဲ့တဲ့ဘဏ္ဍာနှစ်(၁)နှစ်အတွင်းမှာပင် ကျပ်(၁၀၀၀)ဘီလျံခန့် နိုင်ငံတော်မှ စိုက်ထုတ်ကျခံပေးခဲ့ရပါတယ်” ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရာ၌ ယမန်နေ့(ဇန်နဝါရီ ၇ ရက်) ၌ လျှပ်စစ်(၂၅၉၃ ဒသမ ၉) မဂ္ဂါဝပ်ဖြင့် အမြင့်ဆုံးထုတ်လုပ်ဖြန့်ဖြူးနိုင်ခဲ့ပြီး တစ်ရက် စုစုပေါင်းထုတ်လုပ်ခဲ့သည့်ယူနစ်မှာ (၅၁၉၁၂ ဒသမ ၉) မဂ္ဂါဝပ်နာရီဖြစ်ကြောင်း သိရသည်။
ပြည်တွင်း၌ လျှပ်စစ်ဓာတ်အား (၁)မဂ္ဂါဝပ်လျှင် စုစုပေါင်း အိမ်ခြေ(၃၅ဝဝ)ခန့်ကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင် ပြီး ပြီးခဲ့သည့် (၂ဝ၂၂)ခုနှစ်တွင် တစ်ဦးချင်းပျမ်းမျှ လျှပ်စစ်ဓာတ်အားသုံးစွဲမှုနှုန်းသည် (၃၇၈)ကီလိုဝပ်ခန့် ရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ရေအားလျှပ်စစ်မှ ရေများခမ်းခြောက်ခြင်း နှင့် လျှပ်စစ်ဓာတ်အားပေးရုံအချို့ ဖောက်ခွဲဖျက်ဆီးခံရမှုများကြောင့်လည်း လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုများ လျော့နည်းလျှက်ရှိကြောင်း သိရသည်။
ထို့ကြောင့် ပြည်တွင်း၌ ဓာတ်အားမလုံလောက်မှုမရှိဘဲ ရန်ကုန်တိုင်း အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ ၌ အလှည့်ကျမီးပေးသည့်စနစ်ဖြင့် လျှပ်စစ်မီးဖြန့်ဖြူးပေနေရပြီး ပြည်သူများ အပါအဝင် စက်ရုံ၊ အလုပ်ရုံများတွင် လည်း အခက်အခဲများနှင့်ရင်ဆိုင်နေရကြောင်း သိရသည်။
နိုင်ငံတော်အနေဖြင့် သတ်မှတ်ကောက်ခံနေသည့်မီတာခနှုန်းထားများမှာ (၁)ယူနစ်လျှင် (၃၅)ကျပ်နှုန်းဖြင့်လည်း ကောင်း၊ ယူနစ်(၁၀၀)နှင့်အထက်လျှင် ငွေကျပ်(၁၂၀)နှုန်းဖြင့်လည်းကောင်း ကောက်ခံလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဇန်နဝါရီလ ၈ ရက်အတွက် ပြည်တွင်းနှင့် နိုင်ငံတကာက သတင်းများ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ