အကြမ်းဖက်လုပ်ရပ်များ၌ ပါဝင်နေသူအား ချီးမြှင့်ခဲ့သည့် လူမှုထူးချွန်(ပထမအဆင့်) ကို နစက မှ ပြန်လည်ပယ်ဖျက်
ကျော် (NSS) - ဇန်နဝါရီ ၈
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကော့ကံကျေးရွာတွင်နေထိုင်ခဲ့ပြီး အကြမ်းဖက်လုပ်ရပ်များ၌ ပါဝင်ဆောင်ရွက်၍ အမှုဖွင့်ခံရကာ နေအိမ်မှထွက် ပြေးတိမ်းရှောင်နေသည့် ဦးစောဆန်းဝင်းအား နစက မှ (၇၆)နှစ်မြောက် လွတ်လပ် ရေးနေ့တွင် လူမှုထူးချွန်(ပထမအဆင့်) ကို ချီးမြှင့်ပေးအပ်ခဲ့သည်။
နစက မှ ဇန်နဝါရီ ၄ ရက်က အမိန့်ကြေညာစာအမှတ် ၃/၂ဝ၂၄ ဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်) ရေးဆွဲနိုင်ရန် အသေးစိတ်အခြေခံရမည့်မူများ ချမှတ်နိုင်ရေးအတွက် အမျိုးသားညီလာခံတွင်ပါဝင်ဆွေးနွေးခဲ့ကြ သည့် ညီလာခံကိုယ်စားလှယ်များအား စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်တံဆိပ်ချီးမြှင့်အပ်နှင်းရာ၌ လူမှုထူးချွန် (ပထမအဆင့်) ရရှိသူ (၁ဝ၂၁)ဦး၏ အမည်စာရင်းများကိုထုတ်ပြန်ရာတွင် ဦးစောစန်းဝင်းမှာ အမှတ်စဥ်(၅၉၇)ဖြင့် ပါဝင်လာခြင်းဖြစ်သည်။
ထို့ကြောင့် အကြမ်းဖက်လုပ်ရပ်များတွင်ပါဝင်ဆောင်ရွက်နေသော ဦးစောစန်းဝင်းအား လူမှုထူးချွန်(ပထမအဆင့်) ချီးမြှင့်ရခြင်းနှင့်ပတ်သက်၍ မီဒီယာများမှ နစက၏ သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံ ဖြစ်စဥ်အမှန်သိရှိနိုင်ရေး အတွက် မေးမြန်းမှုများပြုလုပ်ခဲ့ကြသည်။
ထိုသို့မေးမြန်းမှုကြောင့် နစက ၏ သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ယနေ့ ဇန်နဝါရီ ၈ ရက်တွင် "ဖြစ်စဥ်မှန်ကန်ကာ ဆုကို ပယ်ဖျက်ရန် စီစဥ်ဆောင်ရွက်လျက်ရှိသည်" ဟု ပြန်လည်ဖြေကြားခဲ့သည်။
ပေါင်မြို့နယ်၊ ကော့ကံကျေးရွာနေ ဦးစောစန်းဝင်းသည် NLD ပါတီ၏ ပေါင်မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင် တစ်ဦးဖြစ်ကာ ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်၊ သြဂုတ် ၇ ရက်က ၎င်း၏ နေအိမ်မီးလန့်မှုဖြစ်ပွားပြီးနောက် လုံခြုံရေး တပ်ဖွဲ့ဝင်များက နေအိမ်အတွင်းဝင်ရောက်၍ ပျက်စီးဆုံးရှုံးမှု ရှိ/မရှိ အား စစ်ဆေးခဲ့ကြသည်။
ထိုသို့စစ်ဆေးရာ ဦးစောစန်းဝင်း၏နေအိမ်အတွင်းရှိ ပလိုင်းတစ်လုံးအတွင်းမှ လက်ပစ်ဗုံး၊ ကျည်ဆံများနှင့် စနိုက်ပါ မှန်ပြောင်းတို့ကို ရှာဖွေတွေ့ရှိခဲ့ရသဖြင့် ၎င်း၏ နေအိမ်အား တာဝန်ရှိသူများက သြဂုတ် ၉ ရက်တွင် ချိတ်ပိတ်ကာ ဦးစောစန်းဝင်းအား ပုဒ်မ ၅၂-က ဖြင့်အမှုဖွင့်ပြီး ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လူထု သုံးစွဲနေသည့် ဓာတ်အားတစ်ယူနစ်လျှင် (၆၀)ကျပ်ခန့်ကို နိုင်ငံတော်က စိုက်ထုတ်ကျခံနေရပြီး ယခင်ဘဏ္ဍာ နှစ်၌ ကျပ်ဘီလျံ (၁ဝဝဝ) ခန့် စိုက်ထုတ်ခဲ့ရ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း