Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
သားသတ်ရုံသို့ ပို့ဆောင်မည့် ခွေးအကောင်ရေ(၂ဝဝ)ကျော်ပါသည့် ထရပ်ကားကို အင်ဒိုနီးရှားရဲတပ်ဖွဲ့ ကြားဖြတ်ဟန့်တားကာ ဖမ်းဆီး

Pika (NSS) - ဇန်နဝါရီ ၈ 

အင်ဒိုနီးရှားရဲတပ်ဖွဲ့များသည် သားသတ်ရုံသို့ ပို့ဆောင်ရန်အတွက် ချည်နှောင်ခံထားရသော ခွေးအကောင်ရေ (၂ဝဝ)ကျော်ကို သယ်ဆောင်လာသည့် ထရပ်ကားတစ်စီးကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

အဆိုပါကြားဖြတ်ဟန့်တားနိုင်မှုသည် ခွေးသား စားခြင်းကို ဆန့်ကျင်သည့် တက်ကြွလှုပ်ရှားသူများအတွက် နောက်ဆုံးအောင်ပွဲတစ်ခုဖြစ်ကြောင်းလည်း သိရသည်။ အဆိုပါထရပ်ကားကို ဇန်နဝါရီလ(၆)ရက် ညတွင် ဂျာဗားကျွန်းပေါ်ရှိ Semarang မြို့တွင် ကြားဖြတ်ဟန့်တားကာ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ထရပ်ကား၏ နောက်ခန်းထဲတွင် ပါးစပ် နှင့် ခြေလက်များကို ချည်နှောင်ခံရထားသော ခွေးအကောင်ရေ(၂၀၀) ကျော်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အာဏာပိုင်များသည် ထရပ်ကားပေါ်မှ အဖွဲ့ဝင်လူ(၅)ဦးကို ဖမ်းဆီးခဲ့ပြီး ၎င်းတို့အားလုံးသည် တိရစ္ဆာန်စောင့်ရှောက်ရေးစည်းမျဉ်းအရ စွဲချက်တင်ခံရနိုင်ကာ ထောင်ဒဏ်(၅) နှစ် ချမှတ်ခံရနိုင်ဖွယ်ရှိနေကြောင်း သိရသည်။ ဒေသတွင်းရဲချုပ် Irwan Anwar က "ပြီးခဲ့တဲ့လကတည်းက ဒီကိစ္စနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေကို ကျွန်တော်တို့ရရှိထားပေမယ့်လည်း ဇန်နဝါရီလ(၆)ရက် ညကြမှပဲ ခွေး(၂၂၆)ကောင်ကို သားသတ်ရုံကို ပို့ဆောင်မယ့်ကိစ္စကို တားဆီးနိုင်ခဲ့ပါတယ်" ဟု ပြောခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံသည် ခွေးသား နှင့် ကြောင်သား ရောင်းချခြင်းကို ခွင့်ပြုထားသည့် နိုင်ငံအနည်းငယ်များထဲမှ တစ်နိုင်ငံဖြစ်သော်လည်း ပြီးခဲ့သည့်နှစ်များအတွင်း Semarang မြို့ အပါအဝင် အခြားမြို့အချို့တွင် ခွေးသား နှင့် ကြောင်သား ရောင်းချမှုကို တားမြစ်ပိတ်ပင်ခဲ့ကြောင်းလည်း သိရသည်။

ထို့အပြင် အဆိုပါအလေ့အကျင့်ကိုဆန့်ကျင်သည့် လှုပ်ရှားမှုများလည်း ပေါ်ပေါက်လာခဲ့ကြောင်း သိရသည်။ တိရစ္ဆာန်စောင့်ရှောက်ရေးတက်ကြွလှုပ်ရှားသူများသည် ခွေးသားရောင်းချသည့်ကိစ္စများကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် ရဲတပ်ဖွဲ့ထံအကြောင်းကြားခဲ့သော်လည်း ခြေရာခံလမ်းကြောင်းများ ပျောက်သွားခဲ့ကြောင်း သိရသည်။

"ဒီဇင်ဘာလ(၂၃)ရက်တုန်းက ကျွန်တော့်ရဲ့ဆိုရှယ်မီဒီယာဖော်လိုဝါတစ်ယောက်ဆီကနေ ပထမဆုံးအကြိမ် သတင်းအချက်အလက်တွေ ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ခွေးသား နဲ့ ကြောင်သား ရောင်းချသူတွေဟာ ပြီးခဲ့သည့် သီတင်းပတ်နှစ်ပတ်တုန်းက ကျွန်တော့်ရဲ့စောင့်ကြည့်မှုအောက်ကနေ လွတ်သွားခဲ့ပါတယ်။ ခွေးတွေ၊ ကြောင်တွေ ကို လူတွေစားသုံးဖို့အတွက် အစားအစာတစ်ခုအဖြစ် မဖန်တီးသင့်ပါဘူး" ဟု Animals Hope Shelter Indonesia ၏ ခွေးသား နှင့် ကြောင်သားစားခြင်းကို တားမြစ်ပိတ်ပင်ရန် တွန်းအားပေး ဆောင်ရွက်နေသူ Christian Yosua Pale က ပြောခဲ့သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရန်ကုန်မြို့ရှိ ကန်တော်ကြီးဥယျာဉ်အတွင်း၌ ရေနစ်သေဆုံးနေသည့် ကျောင်းဆရာမအလောင်း တွေ့ရှိ

RELATED POSTS
RECENT POSTS
ရုရှားနိုင်ငံရှိ ဝန်ကြီးဌာနများ နှင့် ကုမ္ပဏီများက မြန်မာနိုင်ငံမှ ရေဘေးသင့်ဒေသများပြန်လည်ထူထောင်ရေးအတွက် ကူညီထောက်ပံ့ရေးပစ္စည်း (၃၅)တန်ခန့် ပေးပို့လှူဒါန်း
25 Nov 2024
တရားမဝင်နေထိုင်သူတွေကို ပြန်ပို့မယ့် ဒေါ်နယ်ထရမ့်ရဲ့အစီအစဉ်ကို အမေရိကန်နိုင်ငံသားအများစု ထောက်ခံ
25 Nov 2024
ပုလဲမြို့ပတ်လည်မှ ကျေးရွာ(၁ဝ)ရွာထက်မနည်းတွင် PDF များ ဝင်ရောက်နေထိုင်ပြီး ရွာသူရွာသားများကို နှင်ထုတ်
25 Nov 2024
ယူကရိန်းက အမေရိကန်ကို ချမ်းသာအောင်လုပ်ပေးနိုင်တယ်လို့ ရီပတ်ဘလစ်ကန်အထက်လွှတ်တော်အမတ်တစ်ဦး ပြော
25 Nov 2024
KNDF ပူးပေါင်းအဖွဲ့ကို ‌မေတ္တာရပ်ခံမရသဖြင့် ထိုးစစ်ဆင်ရှင်းလင်းနေဟု PNO/PNA ပြော
25 Nov 2024
ရုရှားနိုင်ငံကိုတိုက်ခိုက်ဖို့ တာဝေးပစ်ဒုံးကျည်တွေ အသုံးပြုဖို့ခွင့်ပြုတဲ့ နိုင်ငံတွေထဲ ပြင်သစ်နိုင်ငံ ပူးပေါင်းပါဝင်လာ
25 Nov 2024
အမျိုးသားလွှတ်တော်နှင့် ပြည်နယ်၊ ဒေသကြီးများတွင် PR စနစ် ရွေးကောက်ပွဲကျင့်သုံးမည်
25 Nov 2024
မကွေးမြို့၌ ဒုတိုင်းကျန်းမာရေးဦးစီးမှူး သတ်ဖြတ်ခံရမှုဖြစ်ပွား
22 Nov 2024
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved