ရန်ကုန်မြို့ရှိ ကန်တော်ကြီးဥယျာဉ်အတွင်း၌ ရေနစ်သေဆုံးနေသည့် ကျောင်းဆရာမအလောင်း တွေ့ရှိ
သန့်ဇင် (NSS) - ဇန်နဝါရီ ၈
ရန်ကုန်တိုင်း၊ ကန်တော်ကြီးဥယျာဉ်အတွင်းရှိ ပန်းကန်လုံးကျွန်းအနီး၌ ရေနစ်သေဆုံးနေသည့် ကျောင်းဆရာ အလောင်းတစ်လောင်းကို တွေ့ရှိခဲ့ကြောင်း ဒိဃာယုက လူမှုကူညီရေးအသင်းထံမှ သိရသည်။
အဆိုပါအလောင်းကို ယနေ့(ဇန်နဝါရီလ ၈ ရက်)၊ မွန်းလွဲ ၁၂ နာရီ ၃ဝ မိနစ်အချိန်တွင် ဗဟန်းမြို့နယ်၊ ကန်တော်ကြီးဥယျာဉ်အတွင်းရှိ ကန်တော်ကြီး ပန်းကန်လုံးကျွန်း အနီး၌ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကန်တော်ကြီးက ပန်းဥယျာဉ်ပိုင်ရှင်က ဖုန်းဆက်လို့ ကျွန်တော်တို့သွားတော့ တွေ့ရတာပါ။ ဘယ်လို့ကြောင့် ဖြစ်လဲတော့ မသိရပါဘူး။ သိရသလောက်တော့ အထက်တန်းကျောင်းဆရာမလို့ သိရတယ်” ဟု ဒိဃယုက လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါရေနစ်သေဆုံးသူ အမျိုးသမီးမှာ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ အထက(၅)အထက်တန်းကျောင်းမှ အသက်(၄ဝ)နှစ်အရွယ် အထက်တန်းပြကျောင်းဆရာမ ဒေါ်စန္ဒာမြင့်ဖြစ်ကြောင်း သိရသည်။
“မိသားစုနဲ့က အဆက်သွယ်မရသေးဘူး။ ကျောင်းဆရာမဆိုတာက သူမိတ်ဆွေတွေနဲ့ အဆက်သွယ်ရလို့ သိရတာပါ” ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့ကြောင့် သေဆုံးသူအမျိုးသမီး၏ ရုပ်အလောင်းအား Happy Rescue အသင်းမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် ၂ဝ၂၃ ခုနှစ် ဇူလိုင်လ ၁ ရက်တွင်လည်း ကန်တော်ကြီး ပန်းကန်လုံးကျွန်းအနီး၌ အသက်(၆၅) နှစ်အရွယ် အမျိုးသားတစ်ဦး ရေနစ် သေဆုံးခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်နိုင်ငံ မိုင်ယာမီမြို့တွင် ဂြိုလ်သားတစ်ကောင် တွေ့ရှိသည်ဆိုသော သတင်းနှင့်ပတ်သက်ပြီး အမေရိကန်ရဲတပ်ဖွဲ့ ပြန်လည်ရှင်းလင်း
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
22 Nov 2024 | မှုခင်း,ပြည်တွင်း