အမေရိကန်နိုင်ငံ မိုင်ယာမီမြို့တွင် ဂြိုလ်သားတစ်ကောင် တွေ့ရှိသည်ဆိုသော သတင်းနှင့်ပတ်သက်ပြီး အမေရိကန်ရဲတပ်ဖွဲ့ ပြန်လည်ရှင်းလင်း
Pika (NSS) - ဇန်နဝါရီ ၈
အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် မိုင်ယာမီမြို့တွင် နှစ်သစ်ကူးနေ့မှာ (၁ဝ)ပေမြင့်သော ဂြိုလ်သားတစ်ကောင် သွားလာနေသည်ဆိုသည့် ကောလဟာလများမှာ မဟုတ်မမှန်ကြောင်း မိုင်ယာမီရဲတပ်ဖွဲ့ကပြော ကြားခဲ့သည်။
"ဂြိုလ်သားတွေ၊ UFO တွေ၊ ET ဆိုတာတွေ မရှိပါဘူး" ဟု ရဲတပ်ဖွဲ့က ပြောခဲ့သည်။
မိုင်ယာမီမြို့လယ်ရှိ ဈေးဝယ်စင်တာတစ်ခုဖြစ်သော Bayside Marketplace အပြင်ဖက်တွင် လမ်းလျှောက် နေသည့် ကြီးမားသောရုပ်ပုံတစ်ပုံပါဝင်သော ဗီဒီယိုဖိုင်တစ်ခု ပျံ့နှံ့ခဲ့ပြီးနောက် အဆိုပါကောလဟာလများ ထွက်ပေါ်လာခြင်းဖြစ်သည်။
သို့သော်လည်း အဆိုပါ ဗီဒီယိုဖိုင်တွင် ပါဝင်သော ကြီးမားသောရုပ်ပုံမှာ ဂြိုလ်သားတစ်ကောင်ဖြစ်သည်ဆိုသည့် ဖြစ်နိုင်ခြေများမှာ အလွန်နည်းပါးကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ရဲအရာရှိမီချယ်ဗီဂါ က "ဒါဟာ လမ်းလျှောက်နေတဲ့လူတစ်ယောက်ရဲ့အရိပ်တစ်ခုပါ။ ဗီဒီယိုဖိုင်အစကို ကြည့်လိုက်မယ်ဆိုရင် အဲဒီအရိပ်ရဲ့ အောက်ခြေမှာ လူတစ်ယောက်ကို တွေ့နိုင်ပါတယ်။ တကယ်လို့ သတ္တဝါတစ်ကောင်ကောင်သာ ရှိခဲ့မယ်ဆိုရင် ကျွန်တော် အပါအဝင် အခြားအရာရှိတွေဟာ ရိုင်ဖယ်သေနတ်တွေကို ကိုင်ဆောင်ပြီး ရဲကားတွေနောက်မှာ အကာအကွယ်ယူထားမှာပါ" ဟု ပြောခဲ့သည်။
ဈေးဝယ်စင်တာသို့ ရဲတပ်ဖွဲ့ဝင် အများအပြားရောက်ရှိလာရသည့် အကြောင်းအရင်းမှာ တုတ်များ ကိုင်ဆောင်ထားသော အရွယ်မရောက်သေးသူ (၅ဝ)ကျော်သည် ဈေးဝယ်စင်တာအတွင်း ခိုက်ရန်ဖြစ်ပွားနေသည် ဆိုသည့် သတင်းပေးပို့မှုများကြောင့်ဖြစ်ကြောင်း မီချယ်ဗီဂါက ပြောကြားခဲ့သည်။
အဆိုပါ အရွယ်မရောက်သေးသူ(၅ဝ)ကျော်သည် ရဲတပ်ဖွဲ့များ ရောက်လာသည့်အချိန်အထိ ဈေးဝယ်စင်တာ အတွင်းမှ ထွက်သွားရန် ငြင်းဆိုခဲ့ကြကြောင်း သိရသည်။ ရဲတပ်ဖွဲ့ဝင်အချို့သည် အဆိုပါကလေးငယ်များကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းခဲ့ပြီး အခြားရဲတပ်ဖွဲ့ဝင်များမှာ လူအုပ်ကြီးကို ထိန်းချုပ်ရန် လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။
ထို့အပြင် ရဲတပ်ဖွဲ့ဝင်များသည် သောင်းကျန်းသူများကို ထိန်းချုပ်နိုင်ရန်အတွက် ဆိုင်အချို့ကို ယာယီပိတ်ခိုင်း ခဲ့ရကြောင်းလည်း သိရသည်။ ရဲတပ်ဖွဲ့သည် အဆိုပါကိစ္စများနှင့်ပတ်သက်ပြီး ပြည်သူများကို စိတ်ဒုက္ခရောက် အောင်လုပ်မှုဖြင့် ဆယ်ကျော်သက်အရွယ်လူ(၁၄)ဦးကို ဖမ်းဆီးခဲ့ကြောင်း NBC Miami ၏ အဆိုအရ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်-မန္တလေးအမြန်လမ်း၌ ၂ဝ၂၃ ခုနှစ်တစ်နှစ်အတွင်း ယာဉ်တိုက်မှုပေါင်း (၁၆၀)ကျော် ဖြစ်ပွားခဲ့ရာ လူ (၉ဝ) နီးပါး သေဆုံးခဲ့
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
25 Nov 2024 | မှုခင်း,ပြည်တွင်း