ရွှေဂုံတိုင်ဂုံးကျော်တံတား ဘေးဘောင်ကို ယာဉ်ဖြင့်ဝင်တိုက်မိခဲ့သော တက္ကစီယာဉ်မောင်း လက်တစ်ဖက်ပြတ်ကျ ဒဏ်ရာရရှိ
သန့်ဇင် (NSS) - ဇန်နဝါရီ ၈
ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်တွင် တက္ကစီယာဥ်တစ်စီးသည် ရွှေဂုံတိုင်ဂုံးကျော်တံတား၏ တံတားဘေးဘောင်ကို ဝင်တိုက်မိ၍ ယာဉ်မောင်းလက်ပြတ်ဒဏ်ရာရရှိခဲ့ကြောင်း အနာဂတ်အလင်းတန်းပရဟိတအသင်းထံမှ သိရသည်။
ယမန်နေ့(ဇန်နဝါရီလ ၇ ရက်)၊ ည ၁၁ နာရီ ၂ဝ မိနစ်အချိန်တွင် ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်ဂုံးကျော်တံတားပေါ်၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“တက္ကစီက ကမ္ဘာအေးဘက်ကနေ ဗဟန်းဘက်ကိုပြန်လာတာပေါ့။ အဲဒါလမ်းမှာ သူက ကားမောင်းနေတုန်းကို ညာဘက်လက်ကို ထုတ်ပြီးမောင်းတယ်တဲ့။ အဲဒါနဲ့ ဂုံးတံတားပေါ်ရောက်တော့ အကွေ့မှာကားကို ညာဘက်ဆွဲချတာပါ။ အဲဒီမှာ တံတားဘောင်နဲ့ညှပ်ပြီး လက်က ပြတ်သွားတာ။ လက်ကပြတ်ထွက်သွားပြီးတော့ တံတားအောက်ကို ကျသွားတာပေါ့” ဟု အနာဂတ်အလင်းတန်းပရဟိတ အသင်းမှတာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါဖြစ်စဉ်ကြောင့် ဗဟန်းမြို့နယ်၊ သာသနာ့ရိပ်သာရပ်ကွက်တွင်နေထိုင်သည့် အသက်(၄၅)နှစ်အရွယ် တက္ကစီ ယာဉ်မောင်းအမျိုးသား၌ ညာလက်တစ်ဖက်ပြတ်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“လက်က ပြတ်သွားတာက လက်မောင်းအရင်းကနေပြတ်သွားတာ။ လူက သတိက ရတယ်။ အရမ်းကြီးစိုးရိမ်ရတဲ့ အခြေအနေတော့ မရှိပါဘူး။ အကြံပြုချင်တာကတော့ ညဘက်မောင်းရင် သတိထားပြီးမောင်းဖို့နဲ့။ အလောတကြီး မမောင်းဖို့ပါ။ ပြီးတော့ မောင်းရင်မမူးနဲ့ မူးရင်မမောင်းနဲ့ဆိုတဲ့ စကားအတိုင်းပဲ အသိလေးနဲ့မောင်းစေချင်တယ်” ဟု အထက်ပါပရဟိတအသင်းမှတာဝန်ရှိသူတစ်ဦးက အကြံပြုပြောဆိုထားသည်။
ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသားအား အနာဂါအလင်းတန်းပရဟိတအသင်းမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီး သို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အကျင့်ပျက်လာဘ်စားမှုတွေကြောင့် တရုတ်စစ်တပ်အရာရှိကြီးတွေကို ရာထူးက ထုတ်ပယ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်ထောက်လှမ်းရေးအဖွဲ့ပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း