ဘာစီလိုနာနောက်ခံလူ ရော်နယ်အရိုဟိုကို ယူရိုသန်း(၈ဝ)ဖြင့် ခေါ်ယူရန် ဘိုင်ယန်မြူးနစ်အသင်း ပြင်ဆင်နေ
Pika (NSS) - ဇန်နဝါရီ ၇
ဘိုင်ယန်မြူးနစ်အသင်းသည် ၂ဝ၂၄ ခုနှစ်တွင် ၎င်းတို့၏ ထိပ်တန်းဦးစားပေးအပြောင်းအရွှေ့အဖြစ် ဘာစီလိုနာ အသင်းနောက်ခံလူ ရော်နယ်အရိုဟိုကို ခေါ်ယူရန်အတွက် ကြိုးပမ်းနိုင်ဖွယ်ရှိနေကြောင်း သိရသည်။
ဘိုင်ယန်မြူးနစ်အသင်းသည် ရော်နယ်အရိုဟိုကိုခေါ်ယူရန် ယခင်တည်းက စိတ်ဝင်စားနေခဲ့ခြင်းဖြစ်ပြီး လက်ရှိ နွေရာသီအပြောင်းအရွှေ့ကာလတွင် ယူရိုသန်း(၈ဝ)ဖြင့် ခေါ်ယူရန် ပြင်ဆင်နေပြီဖြစ်ကြောင်း သိရသည်။
ဘိုင်ယန်မြူးနစ်အသင်းသည် ဘာစီလိုနာနောက်ခံလူ ရော်နယ်အရိုဟိုကို ခေါ်ယူနိုင်ရန်အတွက် တတ်နိုင်သမျှ ကြိုးပမ်းရန် စီစဉ်နေကြောင်း၊ ၎င်းတို့၏ခြေလှမ်းများကို စတင်နေပြီလည်းဖြစ်သည်။
ဘိုင်ယန်မြူးနစ်အသင်း နည်းပြသောမတ်စ်တူချယ်သည် ရော်နယ်အရိုဟိုကို အဓိကဦးစားပေးခေါ်ယူရန် စဉ်းစား နေပြီး ဘိုင်ယန်မြူးနစ်အသင်းသို့ပြောင်းရွှေ့လာရန်အတွက် ၎င်းကို ဆွဲဆောင်မှုများ လုပ်ဆောင်ခဲ့ကြောင်းလည်း သိရသည်။ သို့သော်လည်း အဆိုပါအပြောင်းအရွှေ့ကိစ္စမှာ ယခုလအတွင်း အကောင်အထည်ပေါ်လာနိုင်ခြင်းမျိုး မရှိသေးကြောင်း သိရသည်။
ဘာစီလိုနာအသင်းသည် ရော်နယ်အရိုဟိုကို အသင်းအတွက် အရေးပါသည့်ကစားသမားတစ်ဦးအဖြစ် သတ်မှတ် ထားပြီး ရောင်းချမည် မဟုတ်ဟုဆိုသည့် ၎င်းတို့၏ ရပ်တည်ချက်ကို ပြောင်းလဲခြင်းမျိုးလည်း မရှိသေးကြောင်း သိရသည်။ သို့သော်လည်း ဘာစီလိုနာအသင်း၏ ဘဏ္ဍာရေးအခြေအနေများမှာ အခက်အခဲများနှင့်ကြုံတွေ့နေရ သည့်အတွက် ရော်နယ်အရိုဟိုအား ရောင်းချရန် ဆုံးဖြတ်ချက်ကို ချမှတ်သွားနိုင်ဖွယ်ရှိနေကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘာစီလိုနာနောက်ခံလူ ရော်နယ်အရိုဟိုကို ယူရိုသန်း(၈ဝ)ဖြင့် ခေါ်ယူရန် ဘိုင်ယန်မြူးနစ်အသင်း ပြင်ဆင်နေ
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း