ကမ္ဘာ့ရွှေဈေးမြင့်တက်လာမှုကြောင့် ပြည်တွင်းရွှေဈေး တက်လာသော်လည်း အရောင်းအဝယ်နည်းပါးဟုဆို
NP News - မတ် ၁၈
ကမ္ဘာ့ရွှေဈေးမြင့်တက်လာမှုကြောင့် ပြည်တွင်း၌ ရွှေဈေးတက်လာသော်လည်း အရောင်းအဝယ်နည်းပါးကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။
ကမ္ဘာ့ရွှေဈေးနှုန်းသည် ယခင်က တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၈ဝဝ ကျော်ရှိရာမှ ယနေ့ (မတ်လ ၁၈ ရက်) တွင် ၁၉၈၉ ဒေါ်လာအထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။
“ကမ္ဘာ့ရွှေဈေးတော့ တက်တယ်။ ပြည်တွင်းရွှေဈေးကတော့ ကမ္ဘာ့ရွှေဈေးနဲ့ဆိုရင် သုံးသိန်းလောက် ခွာပြီးတော့ တက်ပါတယ်။ ကမ္ဘာ့ရွှေးဈေးကတက်တော့ ပြည်တွင်းရွှေလည်း လိုက်တော့တက်တာပဲ။ ဒါပေမယ့် အရောင်းအဝယ်တော့ မဖြစ်ဘူး။ ပြောရရင်တော့ ဈေးကအမြင့်ပိုင်းမှာဖြစ်နေတယ်” ဟု အသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က NP News ကို ပြောသည်။
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းအနေဖြင့် ယနေ့၌ ရွှေတစ်ကျပ်သားလျှင် ငွေကျပ် (၂၃)သိန်းကျော် ဈေးဖွင့်ထားသည်ကို တွေ့ရှိရသည်။
သို့သော်လည်း ပြင်ပရွှေဈေးကွက်အတွင်း၌ အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် (၂၉)သိန်းနှင့် သိန်း (၃ဝ)ကြားတွင် ဈေးပေါက်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။
“မြန်မာဈေးကွက်ကို သိပ်အများကြီး သက်ရောက်မှုမရှိနိုင်ဘူး။ နိုင်ငံခြားက ရွှေတင်သွင်းတာမှ မဟုတ်ဘဲ ကိုယ့်တွင်းထဲကပဲ ထွက်တဲ့အတွက်ပါ။ ဈေးနှုန်းကတော့ ကမ္ဘာ့ဈေးနဲ့ချိန်ပြီးတော့ တွက်ရတာဖြစ်တဲ့အတွက် နည်းနည်းလိုက်တက်ရတယ်။ မတက်လို့ရှိရင် နယ်စပ်ဖြတ်ကျော်ရောင်းဝယ်ရေးတွေနဲ့က သူများနောက်ကို အကုန်လုံးပါကုန်မှာပေါ့” ဟု ဥက္ကဋ္ဌ ဦးမျိုးမြင့်က သုံးသပ်ပြောဆိုထားသည်။
ပြင်ပရွှေဈေးကွက်၌ ယခင်က အခေါက်ရွှေတစ်ကျပ်သားလျှင် (၂၈)သိန်းကျော်သာရှိရာမှ လက်ရှိတွင် (၂၉)သိန်းကျော်အထိ မြင့်တက်လာခဲ့သည်ကိုလည်း တွေ့ရှိရသည်။
zawgyi version
ကမာၻ႔ေ႐ႊေဈးျမင့္တက္လာမႈေၾကာင့္ ျပည္တြင္းေ႐ႊေဈး တက္လာေသာ္လည္း အေရာင္းအဝယ္နည္းပါးဟုဆို
NP News - မတ္ ၁၈
ကမာၻ႔ေ႐ႊေဈးျမင့္တက္လာမႈေၾကာင့္ ျပည္တြင္း၌ ေ႐ႊေဈးတက္လာေသာ္လည္း အေရာင္းအဝယ္နည္းပါးေၾကာင္း ရန္ကုန္တိုင္းေ႐ႊလုပ္ငန္းရွင္မ်ားအသင္း ဥကၠ႒ ဦးမ်ိဳးျမင့္က ေျပာသည္။
ကမာၻ႔ေ႐ႊေဈးႏႈန္းသည္ ယခင္က တစ္ေအာင္စလွ်င္ အေမရိကန္ေဒၚလာ ၁၈ဝဝ ေက်ာ္ရွိရာမွ ယေန႔ (မတ္လ ၁၈ ရက္) တြင္ ၁၉၈၉ ေဒၚလာအထိ ျမင့္တက္လာခဲ့ေၾကာင္း သိရသည္။
“ကမာၻ႔ေ႐ႊေဈးေတာ့ တက္တယ္။ ျပည္တြင္းေ႐ႊေဈးကေတာ့ ကမာၻ႔ေ႐ႊေဈးနဲ႔ဆိုရင္ သုံးသိန္းေလာက္ ခြာၿပီးေတာ့ တက္ပါတယ္။ ကမာၻ႔ေ႐ႊးေဈးကတက္ေတာ့ ျပည္တြင္းေ႐ႊလည္း လိုက္ေတာ့တက္တာပဲ။ ဒါေပမယ့္ အေရာင္းအဝယ္ေတာ့ မျဖစ္ဘူး။ ေျပာရရင္ေတာ့ ေဈးကအျမင့္ပိုင္းမွာျဖစ္ေနတယ္” ဟု အသင္းဥကၠ႒ ဦးမ်ိဳးျမင့္က NP News ကို ေျပာသည္။
ရန္ကုန္တိုင္းေ႐ႊလုပ္ငန္းရွင္မ်ားအသင္းအေနျဖင့္ ယေန႔၌ ေ႐ႊတစ္က်ပ္သားလွ်င္ ေငြက်ပ္ (၂၃)သိန္းေက်ာ္ ေဈးဖြင့္ထားသည္ကို ေတြ႕ရွိရသည္။
သို႔ေသာ္လည္း ျပင္ပေ႐ႊေဈးကြက္အတြင္း၌ အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ ေငြက်ပ္ (၂၉)သိန္းႏွင့္ သိန္း (၃ဝ)ၾကားတြင္ ေဈးေပါက္လ်က္ရွိေၾကာင္း စုံစမ္းသိရွိရသည္။
“ျမန္မာေဈးကြက္ကို သိပ္အမ်ားႀကီး သက္ေရာက္မႈမရွိႏိုင္ဘူး။ ႏိုင္ငံျခားက ေ႐ႊတင္သြင္းတာမွ မဟုတ္ဘဲ ကိုယ့္တြင္းထဲကပဲ ထြက္တဲ့အတြက္ပါ။ ေဈးႏႈန္းကေတာ့ ကမာၻ႔ေဈးနဲ႔ခ်ိန္ၿပီးေတာ့ တြက္ရတာျဖစ္တဲ့အတြက္ နည္းနည္းလိုက္တက္ရတယ္။ မတက္လို႔ရွိရင္ နယ္စပ္ျဖတ္ေက်ာ္ေရာင္းဝယ္ေရးေတြနဲ႔က သူမ်ားေနာက္ကို အကုန္လုံးပါကုန္မွာေပါ့” ဟု ဥကၠ႒ ဦးမ်ိဳးျမင့္က သုံးသပ္ေျပာဆိုထားသည္။
ျပင္ပေ႐ႊေဈးကြက္၌ ယခင္က အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ (၂၈)သိန္းေက်ာ္သာရွိရာမွ လက္ရွိတြင္ (၂၉)သိန္းေက်ာ္အထိ ျမင့္တက္လာခဲ့သည္ကိုလည္း ေတြ႕ရွိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လှည်းကူးမြို့တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချ အဆုံးစီရင်
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း