လှည်းကူးမြို့တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချ အဆုံးစီရင်
Pearl (NP News) - မတ် ၁၈
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချ အဆုံးစီရင်မှု ဖြစ်ပွားခဲ့ကြောင်း ကရု ဏာရှင်အသင်း (လှည်းကူးမြို့)ထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (မတ်လ ၁၇ ရက်)၊ ည (၉)နာရီခွဲအချိန်ခန့်တွင် လှည်းကူးမြို့၊ ၁/န ၊ မေဃဝတီ(၃) လမ်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
"ကျွန်တော်တို့ကို အလောင်းလာကောက်ဖို့ ပြောလို့သွားကောက်ပေးခဲ့တာပါ၊ ဘယ်လိုဖြစ်လဲတော့မသိဘူး၊ ပုံတွေတော့ တင်ထားတယ်၊ သွားကောက်တဲ့အချိန်က ကြိုးဖြည်ထားပြီးသားအနေအထားပေါ့" ဟု ကရုဏာရှင်အသင်း (လှည်းကူးမြို့)မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါ သေဆုံးသူအမျိုးသားသည် ဦးဝင်းထွန်း(၃၁)နှစ်ဖြစ်ပြီး ၎င်းအားအခင်းဖြစ်နေရာမှ လှည်းကူးမြို့ နယ်ဆေးရုံ-မော်ကျူရီသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ဖြစ်စဥ်နှင့်ပတ်သက်၍ သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
zawgyi version
လွည္းကူးၿမိဳ႕တြင္ အမ်ိဳးသားတစ္ဦး ႀကိဳးဆြဲခ် အဆုံးစီရင္
Pearl (NP News) - မတ္ ၁၈
ရန္ကုန္တိုင္း၊ လွည္းကူးၿမိဳ႕နယ္တြင္ အမ်ိဳးသားတစ္ဦး ႀကိဳးဆြဲခ် အဆုံးစီရင္မႈ ျဖစ္ပြားခဲ့ေၾကာင္း က႐ု ဏာရွင္အသင္း (လွည္းကူးၿမိဳ႕)ထံမွ သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ (မတ္လ ၁၇ ရက္)၊ ည (၉)နာရီခြဲအခ်ိန္ခန႔္တြင္ လွည္းကူးၿမိဳ႕၊ ၁/န ၊ ေမဃဝတီ(၃) လမ္းတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
"ကြၽန္ေတာ္တို႔ကို အေလာင္းလာေကာက္ဖို႔ ေျပာလို႔သြားေကာက္ေပးခဲ့တာပါ၊ ဘယ္လိုျဖစ္လဲေတာ့မသိဘူး၊ ပုံေတြေတာ့ တင္ထားတယ္၊ သြားေကာက္တဲ့အခ်ိန္က ႀကိဳးျဖည္ထားၿပီးသားအေနအထားေပါ့" ဟု က႐ုဏာရွင္အသင္း (လွည္းကူးၿမိဳ႕)မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
အဆိုပါ ေသဆုံးသူအမ်ိဳးသားသည္ ဦးဝင္းထြန္း(၃၁)ႏွစ္ျဖစ္ၿပီး ၎အားအခင္းျဖစ္ေနရာမွ လွည္းကူးၿမိဳ႕ နယ္ေဆး႐ုံ-ေမာ္က်ဴရီသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ ျဖစ္စဥ္ႏွင့္ပတ္သက္၍ သက္ဆိုင္ရာမွ စုံစမ္းစစ္ေဆးမႈမ်ား ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ဆီစက်လုပ်ငန်း နှင့် မွေးမြူရေးလုပ်ငန်းများကို ငွေကျပ်ဘီလျံ (၇ဝ) ထုတ်ချေးပေးရန်ရှိ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း