အမေရိကန်အစိုးရက ဂါဇာပဋိပက္ခကျယ်ပြန့်လာနိုင်ခြေနှင့်ပတ်သက်ပြီး တုံ့ပြန်မှုများလုပ်ဆောင်ရန် အစီအစဉ်များ ကို ရေးဆွဲနေကြောင်း Politico ဖော်ပြ
Pika (NSS) - ဇန်နဝါရီ ၇
အမေရိကန်အစိုးရသည် ဂါဇာကမ်းမြောင်ဒေသပဋိပက္ခကကို အရှေ့အလယ်ပိုင်းဒေသရှိ အခြားနေရာများသို့ ထပ်မံကူးစက်သွားမည်ကို စိုးရိမ်နေပြီး ယင်းကဲ့သို့ဖြစ်လာမည်ဆိုပါက ဖြစ်နိုင်ခြေရှိသော တုံ့ပြန်မှုများအတွက် အစီအစဉ်များကို ရေးဆွဲနေကြောင်း အမေရိကန်အစိုးရတာဝန်ရှိသူများ၏ ပြောဆိုချက်ကို ကိုးကားပြီး Politico သတင်းဌာနက ဖော်ပြခဲ့သည်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်၏ အစိုးရအဖွဲ့သည် အရှေ့အလယ်ပိုင်းဒေသတွင် စစ်ပွဲကြီးတစ်ခုဖြစ်ပွားလာနိုင် သည့်အခြေအနေများနှင့်ပတ်သက်ပြီး ဆွေးနွေးမှုများကို လုပ်ဆောင်နေပြီဖြစ်ကြောင်း Politico က ဖော်ပြခဲ့သည်။
အရှေ့အလယ်ပိုင်းဒေသတွင် ပိုမိုကျယ်ပြန့်သော ပဋိပက္ခတစ်ခုဖြစ်ပွားလာနိုင်သည့် အလားအလာများကြီးထွား လာနေပြီဖြစ်ကြောင်း ဂျိုးဘိုင်ဒန်အုပ်ချုပ်ရေးအဖွဲ့၏ အကြီးတန်းအရာရှိ အပါအဝင် သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
Politico က "ပြီးခဲ့တဲ့ရက်ပိုင်းကဖြစ်ပွားခဲ့တဲ့အဖြစ်အပျက်တွေအရ ဂါဇာကမ်းမြောင်ဒေသစစ်ပွဲဟာ နယ်နိမိတ်ကို ကျော်လွန်ပြီး တရားဝင်ကြီးထွားလာနေပြီဆိုတာကို အုပ်ချုပ်ရေးပိုင်းအချို့ကို ယုံကြည်စေခဲ့ပါတယ်" ဟု ရေးသားဖော်ပြခဲ့သည်။
အဆိုပါဖြစ်ရပ်များထဲတွင် Baghdad မြို့တွင် အီရတ်စစ်သွေးကြွခေါင်းဆောင် Mushtaq Taleb al-Saidi သေဆုံးခဲ့သည့် အမေရိကန်၏ ဒရုန်းတိုက်ခိုက်မှု၊ လက်ဘနွန်နိုင်ငံမြို့တော် ဘေရွတ်တွင် အစ္စရေး၏ ဒရုန်း တိုက်ခိုက်မှုကြောင့် ဟားမက်အဖွဲ့လက်ထောက်အကြီးအကဲ Saleh al-Arouri သေဆုံးမှု နှင့် အီရန်တွင် လူ(၈၄)ဦး သေဆုံးကာ အခြားလူ(၃ဝဝ)နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ပေါက်ကွဲမှုဖြစ်စဉ်နှစ်ခုတို့ ပါဝင်ကြောင်း သိရသည်။
ထို့အပြင် အမေရိကန်စစ်တပ်သည် ပင်လယ်နီအတွင်းရှိ ကုန်တင်သင်္ဘောများကို ပစ်မှတ်ထားတိုက်ခိုက်နေသော ယီမင်အခြေစိုက်ဟူသီလက်နက်ကိုင်အဖွဲ့ကို တိုက်ခိုက်မှုများလုပ်ဆောင်ရန် စီစဉ်နေကြောင်း တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။
အရှေ့အလယ်ပိုင်းဒေသတွင် တင်းမာမှုများမြင့်တက်နေသည့်အချိန်မှာ ယခုကဲ့သို့ အရေးပေါ်အစီအစဉ်များ စီစဉ် ခြင်းသည် လုပ်ရိုးလုပ်စဉ်တစ်ခုဖြစ်ကြောင်း တာဝန်ရှိသူများ ထပ်မံပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဇန်နဝါရီလ ၆ ရက်အတွက် ပြည်တွင်းနှင့် နိုင်ငံတကာက သတင်းများ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ