အမေရိကန်ဦးဆောင်တဲ့ညွန့်ပေါင်းအဖွဲ့တွေကို တိုက်ခိုက်သွားမယ်လို့ ဟူသီလက်နက်ကိုင်အဖွဲ့ပြော
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၆
ပင်လယ်နီဒေသ ညွန့်ပေါင်းအဖွဲ့မှာ ပါဝင်တဲ့နိုင်ငံတိုင်းကို ပစ်မှတ်ထားတိုက်ခိုက်သွားမယ်လို့ ယီမင်အခြေစိုက် ဟူသီလက်နက်ကိုင်အဖွဲ့က ပြောပါတယ်။
ဟူသီလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Mohammed Ali al-Houthi က ပင်လယ်နီဒေသ လုံခြုံရေး အတွက် အမေရိကန်ဦးဆောင်တဲ့ညွန့်ပေါင်းအဖွဲ့မှာ ပါဝင်တဲ့နိုင်ငံတိုင်းကို ပစ်မှတ်ထားတိုက်ခိုက်သွားမှာဖြစ်ပြီး အဲဒီနိုင်ငံတွေဟာ ရေကြောင်းလုံခြုံရေး ရရှိမှာမဟုတ်ကြောင်း ပြောပါတယ်။ အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်း အဖွဲ့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဟူသီလက်နက်ကိုင်အဖွဲ့ကို နောက်ဆုံးသတိပေးချက်ထုတ်ပြန်လိုက်ပြီးနောက် ဟူသီ လက်နက်ကိုင်အုပ်စုက အခုလိုမျိုးသတိပေးလာတာဖြစ်ပါတယ်။
အမေရိကန်ဦးဆောင်တဲ့ညွန့်ပေါင်းအုပ်စုထဲမှာ ပါဝင်နေတဲ့နိုင်ငံတွေက ဟူသီလက်နက်ကိုင်အဖွဲ့အနေနဲ့ ပင်လယ်နီ ဒေသတိုက်ခိုက်မှုတွေကို ရပ်တန့်ရမှာဖြစ်ကြောင်း၊ တိုက်ခိုက်မှုတွေ မရပ်တန့်ဘူးဆိုရင် ဆိုးရွားတဲ့အကျိုးဆက် တွေ ရင်ဆိုင်ရဖွယ်ရှိနေကြောင်း ဆိုပါတယ်။
အမေရိကန်အစိုးရဟာ လက်ရှိအချိန်မှာ ပင်လယ်နီဒေသအတွင်း ကုန်စည်သင်္ဘောတွေကိုတိုက်ခိုက်နေတဲ့ ဟူသီ လက်နက်ကိုင်အဖွဲ့တွေကို တုံ့ပြန်နိုင်ဖို့အစီအစဉ်တွေ ချမှတ်ဆောင်ရွက်နေကြောင်း သိရပါတယ်။ ဟူသီ လက်နက်ကိုင်အုပ်စုတွေဟာ အစ္စရေး နဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်းကတည်း က အစ္စရေးနိုင်ငံကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သလို နိုဝင်ဘာလနောက်ပိုင်းမှာ ပင်လယ်နီဒေသအတွင်းဖြတ်သန်း နေတဲ့ ကုန်စည်သင်္ဘောတွေကို ပစ်မှတ်ထားတိုက်ခိုက်နေခဲ့ကြောင်း သိရပါတယ်။
ဟူသီအဖွဲ့ရဲ့တိုက်ခိုက်မှုတွေကြောင့် ပင်လယ်နီဒေသက ဖြတ်သန်းနေတဲ့ကုန်စည်သင်္ဘော ၂ဝ ရာခိုင်နှုန်းလမ်းကြောင်း ပြောင်းလဲသွားခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဟားမက်စ်အဖွဲ့ကို ငွေကြေးကူညီထောက်ပံ့ပေးနေတဲ့သူတွေကို သတင်းပေးရင် ဆုကြေးငွေ ချီးမြှင့်မယ်လို့ အမေရိကန်အစိုးရပြော
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ