အထက်ကျိုင်းတောင်းရေအားလျှပ်စစ်စီမံကိန်းအား လာမည့် ဘဏ္ဍာနှစ်ကုန်၌ ပြီးစီးအောင်ဆောင်ရွက်မည်
ကျော် (NSS) - ဇန်နဝါရီ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျိုင်းတောင်းမြို့အနီးတွင် ဖော်ဆောင်လျက်ရှိသည့် အထက်ကျိုင်းတောင်းရေအားလျှပ်စစ်စီမံကိန်းအား လာမည့် ၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ်ကုန်၌ပြီးစီးအောင်ဆောင်ရွက်လျက်ရှိကြောင်း ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၏အချက်အလက်များအရ သိရသည်။
အထက်ကျိုင်းတောင်းရေအားလျှပ်စစ်စီမံကိန်းအား နိုင်ငံတော်အတွက်လိုအပ်သည့် လျှပ်စစ်ဓာတ်အားကို ဖြည့်ဆည်းဖြန့်ဖြူးပေးနိုင်ရန်ရည်ရွယ်၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနအမှတ်(၅)တည်ဆောက်ရေးမှ အကောင်အထည်ဖော်တည် ဆောက်လျက်ရှိကြောင်း သိရသည်။
အထက်ကျိုင်းတောင်းရေအားလျှပ်စစ်စီမံကိန်းကို ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနက ဂျပန်နိုင်ငံ၊ ဆွစ်ဇာလန်နိုင်ငံ နှင့် နော်ဝေနိုင်ငံတို့မှ ပညာရှင်များနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလအထိ စီမံကိန်းတစ်ခုလုံး၏ ၈၀ ဒသမ ၅၂ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ပြီး စီမံကိန်းပြီးစီးပါက လူဦးရေ (၇)သိန်းခန့် လျှပ်စစ်ဓာတ်အား တိုးတက်သုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဇန်နဝါရီလ ၅ ရက်အတွင်းဖြစ်ပွားခဲ့တဲ့ ပြည်တွင်းသတင်းများနဲ့ နိုင်ငံတကာက သတင်းများ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ