ဖိလစ်ပိုင် နှင့် ကမ္ဘောဒီးယားရောက် မြန်မာများအနေဖြင့် မကြာမီရက်ပိုင်းအတွင်း ဝင်ငွေခွန်ထမ်းဆောင်နိုင်ပြီဖြစ်ကြောင်း အသိပေး
စော (NSS) - ဇန်နဝါရီ ၅
ဖိလစ်ပိုင်နိုင်ငံရောက် မြန်မာနိုင်ငံသားများအား ဝင်ငွေခွန် (၂)ရာခိုင်နှုန်းပေးဆောင်ပြီးမှသာ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းနှင့် အခြားကောင်စစ်ဆိုင်ရာကိစ္စများကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ရှိ မြန်မာသံရုံးက ယနေ့(ဇန်နဝါရီလ ၅ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးထားခြင်းဖြစ်သည်။
၂၀၂၃ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေအရ အောက်တိုဘာလ ၁ ရက်မှစ၍ ပြည်ပရောက် မြန်မာနိုင်ငံသားများ ဝင်ငွေခွန်ထမ်းဆောင်ရမည်ဟု ပြဋ္ဌာန်းခဲ့သည်။
သို့ဖြစ်ပါ၍ ဖိလစ်ပိုင်နိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် လာမည့် ဇန်နဝါရီလ ၁၀ ရက်မှစတင်၍ မိမိတို့ရရှိထားသည့် လစာနှုန်းထား၏ (၂)ရာခိုင်နှုန်းအား ဝင်ငွေခွန်အဖြစ် ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
အလားတူ ကမ္ဘောဒီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် ဇန်န ဝါရီလ ၈ ရက်မှစတင်၍ ဝင်ငွေခွန် (၂)ရာခိုင်နှုန်းပေးသွင်းနိုင်ပြီဖြစ် ကြောင်း ဖနောင်ပင်မြို့ရှိ မြန်မာသံရုံးက ယနေ့(ဇန်နဝါရီလ ၅ ရက်) တွင် ထုတ်ပြန်ထားသည်။
ထို့ကြောင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၄ ခုနှစ်၊ မတ်လအထိ ဝင်ငွေခွန်များကို ပေးဆောင်ပြီးပါက နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်းနှင့် ကောင်စစ်ဆိုင်ရာကိစ္စများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြန်မာသံရုံးက အသိပေးထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဇန်နဝါရီလ ပထမပတ်အတွင်း နိုင်ငံခြားငွေကြေးဈေးကွက်၌ အမေရိကန်ဒေါ်လာ(၂၈)သန်းကျော် ဗဟိုဘဏ်ရောင်းချပေးခဲ့
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ