တပ်ချုပ် နှင့် နိုင်ငံရေးပါတီများကြား တွေ့ဆုံပွဲ ယနေ့ မဖြစ်မြောက်ခဲ့
မျိုးကြီး (NSS) - ဇန်နဝါရီ ၅
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နိုင်ငံရေးပါတီများကြား တွေ့ဆုံပွဲသည် ယနေ့ မဖြစ်မြောက်ခဲ့ကြောင်း သတင်းရရှိသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နိုင်ငံရေးပါတီ (၄၀)ကျော်တို့သည် ယနေ့(ဇန်နဝါရီလ ၅ ရက်)၊ နေ့လည် ၁ နာရီအချိန်တွင် နေပြည်တော်၌ တွေ့ဆုံရန် စီစဉ်ခဲ့သည်။
“ဒီနေ့တော့ မတွေ့ဖြစ်ဘူး။ ကော်မရှင်ဘက်က ညွှန်မှူးကိုယ်တိုင်လာပြောတယ်။ တပ်ချုပ်က အရေးကြီးကိစ္စတွေ ရှိနေသေးလို့ဆိုပြီး စောင့်ခိုင်းသေးတယ်။ ဒါပေမဲ့ ဒီညနေမှာတော့ မတွေ့ဖြစ်တော့ဘူးဆိုတဲ့အကြောင်း ပြန် ပြောတယ်။ လောလောဆယ်တော့ ယာယီအားဖြင့် မနက်ဖြန်တွေ့ဖို့ရှိတယ်။ အချိန်ကိုတော့ မသိသေးဘူးပေါ့။ သူတို့ ထပ်ပြီးအကြောင်းကြားမယ်လို့ ပြောတယ်”ဟု အမျိုးသားဒီမိုကရေစီပါတီသစ်(NNDP)မှ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲကို မနက် ဖြန်(ဇန်နဝါရီလ ၆ ရက်)သို့ ပြောင်းရွှေ့လိုက်ပြီး တွေ့ဆုံမည့်အချိန်ကို တိတိကျကျမသိရှိရသေးကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂျပန်နိုင်ငံ၌ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီးနောက် လေးရက်အကြာတွင် လူ(၂၅၀)နီးပါး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း အာဏာပိုင်များပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ