Starbucks က စွန့်ပစ်အမှိုက်လျှော့ချတဲ့ အနေနဲ့ သူ့ရဲ့ဖောက်သည်တွေကို ကိုယ်ပိုင်ခွက်တွေ အသုံးပြုဖို့ တိုက်တွန်း
ရောင်နီ (NSS) - ဇန်နဝါရီ ၅
Starbucks ဟာ ၎င်းရဲ့ အထင်ကရ ကော်ဖီခွက်တွေမှ အဆက်မပြတ်ထွက်ရှိနေတဲ့ အမှိုက်ပမာဏကို လျှော့ချဖို့ ဖောက်သည်တွေအတွက် ထပ်တလဲလဲ အသုံးပြုနိုင်မယ့် နည်းလမ်းတွေကို စဉ်းစားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့(ဇန်နဝါရီလ ၃ ရက်)မှစပြီး Starbucks ဟာ drive-thru နဲ့ Starbucks အက်ပ်မှ ၎င်းရဲ့အမှာစာများအတွက် ပြန်လည်အသုံးပြုနိုင်တဲ့ ခွက်ရွေးချယ်ခွင့်ကို ထပ်ပေါင်းထည့်ခဲ့ပါတယ်။ Drive-thru မှ မှာကြားမှုတွေအတွက် သန့်ရှင်းမှုနဲ့ ဘေးကင်းလုံခြုံမှုရှိစေဖို့ ၎င်းတို့ရဲ့ ကိုယ်ပိုင်မတ်ခွက်တွေကို ရွေးချယ်အသုံးပြုခွင့်ပေးမယ်လို့ ဆိုပါတယ်။
Starbucks အက်ပ်မှ မှာယူမှုတွေ အတွက်လည်း မှာယူမှုလုပ်ငန်းစဉ်အတွင်း "စိတ်ကြိုက်ပြင်ဆင်ခြင်း"မှာ "ကိုယ်ပိုင်ခွက်" ရွေးချယ်မှု အသစ်ကို ထည့်သွင်းထားတယ်လို့ သိရပါတယ်။ သတိပေးချက်အနေနဲ့ ခွက်တွေကို ယူဆောင်မလာမီ သန့်ရှင်းမှု ပြုလုပ်ရမှာ ဖြစ်တယ်လို့ Starbucks မှ မှတ်ချက်ပြုထားပါတယ်။ Drive-thru နဲ့ အက်ပ်အမှာစာတွေဟာ ကုမ္ပဏီမှ လည်ပတ်နေတဲ့ အမေရိကန် စတိုးဆိုင်တွေမှ ရောင်းချမှုရဲ့ ၇၀% ခန့်ထိ ရှိပါတယ်။
ရိုးရိုး အပူခံခွက်တွေဟာ ပလပ်စတစ်နဲ့ စက္ကူနှစ်မျိုးလုံးနဲ့ ပြုလုပ်ထားတာကြောင့် ၎င်းတို့ကို ပြန်လည်အသုံးပြုဖို့ ခက်ခဲပါတယ်။ Starbucks ဟာ ၂၀၃၀ ခုနှစ်မှာ ၎င်းရဲ့ အမှိုက်ထွက်ရှိနှုန်းကို ၅၀% ထိ လျှော့ချဖို့ ရည်မှန်းထားပါတယ်။ ဒါ့ပြင် ကိုယ်ပိုင်ခွက် အသုံးပြုတဲ့ ဖောက်သည်တွေကို ဆုလာဘ်ဆောင် အစီအစဉ်အနေနဲ့ 10 cent လျှော့ဈေးနဲ့ ကြယ် ၂၅ ပွင့်တို့ကိုလည်း ပေးသွားမယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြို့ပြနေရာများအထိ တိုက်ပွဲများဆင်နွှဲလာ၍ ရှေ့တန်းနယ်မြေပိုမိုကျယ်ပြန့်လာဟု တပ်ချုပ်ပြော
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း