မြို့ပြနေရာများအထိ တိုက်ပွဲများဆင်နွှဲလာ၍ ရှေ့တန်းနယ်မြေပိုမိုကျယ်ပြန့်လာဟု တပ်ချုပ်ပြော
ကျော် (NSS) - ဇန်နဝါရီ ၅
တိုက်ပွဲများသည် တောတောင်များအတွင်း၌သာ တိုက်ခိုက်ကြခြင်းမဟုတ်တော့ဘဲ မြို့ပြနေရာများအထိ ဆင်နွှဲလာ၍ ရှေ့တန်းနယ်မြေ ပိုမိုကျယ်ပြန့်လာကြောင်း နစက ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
နစက ဥက္ကဋ္ဌက ယမန်နေ့ (ဇန်နဝါရီလ ၄ ရက်)တွင် နေပြည်တော်၌ ကျင်းပသည့် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားသို့တက်ရောက်၍ မိန့်ခွန်းပြောကြားရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
တိုင်းရင်းသားလူမျိုးအချင်းချင်း စည်းလုံးညီညွတ်မှုပျက်ပြားစေရန်၊ အစိုးရနှင့်ပြည်သူ၊ ပြည်သူနှင့်တပ်မတော်ကြားသွေးကွဲသွားစေရန် နည်းပညာအား၊ မီဒီယာအားများဖြင့်လည်း ထိုးနှက်တိုက်ခိုက်မှုများပြုလုပ်လျက်ရှိသည်ဟု ၎င်းကပြောကြားခဲ့သည်။
"ဒါကြောင့် တပ်မတော်သားတွေအပါအဝင် တိုင်းရင်းသားပြည်သူများအနေနဲ့ အသိ၊ သတိနဲ့ယှဉ်ပြီး မိမိတို့နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ကြဖို့ လိုအပ်ပါတယ်"ဟု နစက ဥက္ကဋ္ဌက တိုက်တွန်းပြောကြားခဲ့သည်။
ထို့ပြင် တပ်မတော်၏ အဓိကအမာခံ အရန်အင်အားများဖြစ်သော ရဲမေမိသားစုဝင်များသည် အရေးကြုံပါက သက်လုံကောင်းစွာ မိသားစုဂုဏ်နှင့်တပ်မတော်ဂုဏ်ကို စောင့်ထိန်းသူများဖြစ်၍ စစ်မှန်သည့် မျိုးချစ်စိတ်များကို ဆက်လက်ထိန်းသိမ်းသွားကြရန်လည်း တိုက်တွန်းမှာကြားခဲ့သည်။
လက်ရှိအချိန်၌ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်တို့အပါအဝင် တိုင်းနှင့်ပြည်နယ်အများစုရှိ တပ်မတော်လုံခြုံရေးစခန်းများ၊ လမ်း၊ တံတားများ၊ အဆောက်အဦးများ၊ မီးရထားလမ်းများ၊ မြို့/ရွာများကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် PDF များပူးပေါင်း၍ ဝင်ရောက်တိုက်ခိုက်ဖျက်ဆီးမှုများပြုလုပ်လျက်ရှိသည်။
ဂုဏ်ထူးဆောင်တံဆိပ်များချီးမြှင့်အပ်နှင်းခြင်းအခမ်းအနား၌ သူရဲကောင်းမှတ် တမ်းဝင်တံဆိပ် ၊ ရဲသူရတံဆိပ်၊ ရဲဗလတံဆိပ်၊ စီမံထူးချွန်တံဆိပ်အပါအဝင် ဂုဏ်ထူးဆောင်တံဆိပ်အသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အလုပ်ကမ်းလှမ်းစာ စိစစ်သည့်လုပ်ငန်းစဥ်များကို ပြောင်းလဲမည်ဟု ဂျပန်ရှိမြန်မာသံရုံး ထုတ်ပြန်
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း