အမေရိကန်နိုင်ထံမှ Tomahawk အမျိုးအစား ခရုဇ်ဒုံးကျည်အစင်းပေါင်း ၂၂ဝ ဝယ်ယူသွားမှာဖြစ်ကြောင်း သြစတြေးလျအစိုးရ သတင်းထုတ်ပြန်
ဂျန်ဇက် (NP News) - မတ် ၁၇
အမေရိကန်နိုင်ငံထံမှ Tomahawk အမျိုးအစား ခရုဇ်ဒုံးကျည်အစင်းပေါင်း ၂၂ဝ ကျော်ကို ဝယ်ယူသွားမှာဖြစ်ကြောင်း သြစတြေးလျအစိုးရက သတင်းထုတ်ပြန်လိုက်ပါတယ်။
အမေရိကန်အစိုးရဟာ သြစတြေးလျကို ဒုံးကျည်များရောင်းချပေးဖို့ ခွင့်ပြုလိုက်ပြီးနောက် သြစတြေးလျ အစိုးရ ဟာ အမေရိကန်နိုင်ငံထံမှ Tomahawk ဒုံးကျည်များ ဝယ်ယူမယ့်အကြောင်းကို သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
သြစတြေးလျအစိုးရဟာ အင်ဒို-ပစိဖိတ်ဒေသမှာ တရုတ်ရဲ့သြဇာလွှမ်းမိုးမှုတွေကို စိုးရိမ်မှုများရှိနေတဲ့အတွက် အမေရိကန်နိုင်ငံထံကနေ နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘာ ဝယ်ယူသွားမယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ကြေညာ ခဲ့ပါတယ်။ သြစတြေးလျအစိုးရဟာ အသစ်ထပ်မံဝယ်ယူမယ့် Tomahawk ဒုံးကျည်များကို နျူကလီးယားစွမ်းအင် သုံး ရေငုပ်သင်္ဘောမှာ တပ်ဆင်အသုံးပြုသွားဖွယ်ရှိနေပါတယ်။
သြစတြေးလျအစိုးရဟာ အမေရိကန်နိုင်ငံထံကနေ Tomahawk ဒုံးကျည်များ ဝယ်ယူမှုအတွက် အမေရိကန် ဒေါ်လာ သန်း ၉ဝဝ ကျော် ကုန်ကျမှာဖြစ်တယ်လို့ သိရပါတယ်။ သြစတြေးလျကာကွယ်ရေးဝန်ကြီး ရစ်ချက် မာလက်စ်ဟာ ၎င်းတို့နိုင်ငံအနေနဲ့ ကာကွယ်ရေးပိုင်းနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက် နေတယ်လို့ ဆိုပါတယ်။
၎င်းက "တာဝေးပစ်ဒုံးကျည်တွေဟာ နိုင်ငံကာကွယ်ရေးစွမ်းရည်ပိုင်း ပိုမိုကောင်းမွန်စေဖို့ အမှန်တကယ် အဓိက အရေးကြီးပါတယ်" လို့ပြောပါတယ်။
သြစတြေးလျဟာ AUKUS စစ်ရေးမဟာမိတ်စာချုပ်အရ ရေငုပ်သင်္ဘော အပါအဝင် စစ်လက်နက်ပစ္စည်းများကို အမေရိကန်နိုင်ငံထံနေ ဝယ်ယူခွင့်ရမျာဖြစ်ပါတယ်။ စစ်လက်နက်ပစ္စည်းများ ထုတ်လုပ်ရေးဝန်ကြီး ပက်ကွန်ရွိုင်က အမေရိကန်နိုင်ငံထံက ဝယ်ယူမယ့် ဒုံးကျည်တွေကို Virginia-class အမျိုးအစားရေငုပ်သင်္ဘောမှာ တပ်ဆင် ပစ်လွှတ်သွားမှာဖြစ်ကြောင်း ပြောပါတယ်။
Zawgyi Version;
အေမရိကန္ႏိုင္ထံမွ Tomahawk အမ်ိဳးအစား ခ႐ုဇ္ဒုံးက်ည္အစင္းေပါင္း ၂၂ဝ ဝယ္ယူသြားမွာျဖစ္ေၾကာင္း ၾသစေၾတးလ်အစိုးရ သတင္းထုတ္ျပန္
ဂ်န္ဇက္ (NP News) - မတ္ ၁၇
အေမရိကန္ႏိုင္ငံထံမွ Tomahawk အမ်ိဳးအစား ခ႐ုဇ္ဒုံးက်ည္အစင္းေပါင္း ၂၂ဝ ေက်ာ္ကို ဝယ္ယူသြားမွာျဖစ္ေၾကာင္း ၾသစေၾတးလ်အစိုးရက သတင္းထုတ္ျပန္လိုက္ပါတယ္။
အေမရိကန္အစိုးရဟာ ၾသစေၾတးလ်ကို ဒုံးက်ည္မ်ားေရာင္းခ်ေပးဖို႔ ခြင့္ျပဳလိုက္ၿပီးေနာက္ ၾသစေၾတးလ် အစိုးရ ဟာ အေမရိကန္ႏိုင္ငံထံမွ Tomahawk ဒုံးက်ည္မ်ား ဝယ္ယူမယ့္အေၾကာင္းကို သတင္းထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။
ၾသစေၾတးလ်အစိုးရဟာ အင္ဒို-ပစိဖိတ္ေဒသမွာ တ႐ုတ္ရဲ႕ၾသဇာလႊမ္းမိုးမႈေတြကို စိုးရိမ္မႈမ်ားရွိေနတဲ့အတြက္ အေမရိကန္ႏိုင္ငံထံကေန န်ဴကလီးယားစြမ္းအင္သုံးေရငုပ္သဘၤာ ဝယ္ယူသြားမယ္လို႔ ၿပီးခဲ့တဲ့ရက္ပိုင္းက ေၾကညာ ခဲ့ပါတယ္။ ၾသစေၾတးလ်အစိုးရဟာ အသစ္ထပ္မံဝယ္ယူမယ့္ Tomahawk ဒုံးက်ည္မ်ားကို န်ဴကလီးယားစြမ္းအင္ သုံး ေရငုပ္သေဘၤာမွာ တပ္ဆင္အသုံးျပဳသြားဖြယ္ရွိေနပါတယ္။
ၾသစေၾတးလ်အစိုးရဟာ အေမရိကန္ႏိုင္ငံထံကေန Tomahawk ဒုံးက်ည္မ်ား ဝယ္ယူမႈအတြက္ အေမရိကန္ ေဒၚလာ သန္း ၉ဝဝ ေက်ာ္ ကုန္က်မွာျဖစ္တယ္လို႔ သိရပါတယ္။ ၾသစေၾတးလ်ကာကြယ္ေရးဝန္ႀကီး ရစ္ခ်က္ မာလက္စ္ဟာ ၎တို႔ႏိုင္ငံအေနနဲ႔ ကာကြယ္ေရးပိုင္းနဲ႔ပတ္သက္ၿပီး အေမရိကန္နဲ႔ အနီးကပ္ပူးေပါင္းေဆာင္႐ြက္ ေနတယ္လို႔ ဆိုပါတယ္။
၎က "တာေဝးပစ္ဒုံးက်ည္ေတြဟာ ႏိုင္ငံကာကြယ္ေရးစြမ္းရည္ပိုင္း ပိုမိုေကာင္းမြန္ေစဖို႔ အမွန္တကယ္ အဓိက အေရးႀကီးပါတယ္" လို႔ေျပာပါတယ္။
ၾသစေၾတးလ်ဟာ AUKUS စစ္ေရးမဟာမိတ္စာခ်ဳပ္အရ ေရငုပ္သေဘၤာ အပါအဝင္ စစ္လက္နက္ပစၥည္းမ်ားကို အေမရိကန္ႏိုင္ငံထံေန ဝယ္ယူခြင့္ရမ်ာျဖစ္ပါတယ္။ စစ္လက္နက္ပစၥည္းမ်ား ထုတ္လုပ္ေရးဝန္ႀကီး ပက္ကြန္႐ြိဳင္က အေမရိကန္ႏိုင္ငံထံက ဝယ္ယူမယ့္ ဒုံးက်ည္ေတြကို Virginia-class အမ်ိဳးအစားေရငုပ္သေဘၤာမွာ တပ္ဆင္ ပစ္လႊတ္သြားမွာျဖစ္ေၾကာင္း ေျပာပါတယ္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တစ်နိုင်ငံလုံးတွင် တင်ဒါစနစ်ဖြင့် သစ်တောစိုက်ခင်း ဧက(၃)သန်းကျော် တည်ထာင်မည်ဟု ပြည်ထောင်စုဝန်ကြီး ဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ