မြောက်ကိုရီးယားနိုင်ငံက တောင်ကိုရီးယားကို ရန်သူနိုင်ငံလိုမျိုး ပြုမူဆက် ဆံသွားဖွယ်ရှိနေ
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၄
မြောက်ကိုရီးယားနိုင်ငံဟာ တောင်ကိုရီးယားနိုင်ငံကို ရန်သူနိုင်ငံတစ်နိုင်ငံလိုမျိုး ထိရောက်စွာ ဆက်ဆံဖို့ မူဝါဒတွေ အပြောင်းအလဲလုပ်ဆောင်သွားဖွယ်ရှိနေကြောင်းသိရပါတယ်။
တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားတို့ဟာ ၁၉၅၀ ခုနှစ်ကနေ ၁၉၅၃ခုနှစ်အထိ ဖြစ်ပွားတဲ့ ကိုရီးယားကျွန်းဆွယ်စစ်ပွဲ အဆုံးသတ်ပြီးနောက် သီးခြားနိုင်ငံတွေအဖြစ်ရပ်တည်ခဲ့ပြီး လက်ရှိအချိန်မှာ နှစ်နိုင်ငံကြားတင်းမာမှုတွေ ပိုမိုဖြစ်လာနေကြောင်းသိရပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်က ၎င်းတို့ဟာ တောင်ကိုရီးယားနဲ့ ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းနိုင်ဖို့ မဖြစ်နိုင်ကြောင်း ပြောဆိုထားသလို ၊ တောင်ကိုရီးယားကို ရန်သူနိုင်ငံလိုမျိုး ဆက်ဆံနိုင်ဖို့ မူဝါဒတွေ အပြောင်းအလဲလုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းက ပြောဆိုခဲ့ဖူးပါတယ်။
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ Korea Institute for National Unification ရဲ့ သုတေသီ မစ္စတာ ဟောင်မင်က "မြောက်ကိုရီးယားဟာ တောင်ကိုရီးယားနဲ့ပြန်လည်ပေါင်းစည်းရေးကို စွန့်လွှတ်လိုက်မယ်ဆိုရင် တောင်ကိုရီးယားကို ရန်သူနိုင်ငံအဖြစ် ဆက်ဆံလာဖွယ်ရှိနေပါတယ်။ နှစ်နိုင်ငံကြား သံတမန် ဆက်ဆံရေးလည်းရှိလာတော့မှာမဟုတ်ဘူး၊ မြောက်ကိုရီးယား နိုင်ငံဟာ နျူကလီးယားလက်နက်တွေအသုံးပြုတိုက်ခိုက်လာဖွယ်ရှိနေပါတယ်"လို့ ပြောပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်အတွင်း စစ်ဘက်သုံးဂြိုလ်တုကိုအောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သလို အမေရိကန်နိုင်ငံအထိ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်ကို အောင်မြင်စွာစမ်းသပ်ခဲ့ပြီးနောက် ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုအရှိန်မြင့်တက်လာခဲ့ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင်က လာမယ့် ၂၀၂၄ ခုနှစ်အတွင်းမှာလည်း စစ်ဘက်သုံး ဂြိုလ်တု သုံးစင်းထပ်မံလွှတ်တင်သွားဖို့ အစီအစဉ်တွေရှိနေကြောင်း ထုတ်ဖော်ပြောဆိုထားရာ ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ ပိုမိုဖြစ်လာဖွယ်ရှိနေပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လူမျိုးကိုအခြေခံသော ဖက်ဒရယ်စနစ်အစား ဒေသကိုအခြေခံသည့်စနစ်ကို အဓိက ဦးတည်ဆောင်ရွက်ရမည်ဟု တပ်ချုပ်ပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း