ရန်ကုန်-မန္တလေး အမြန်လမ်း၌ ကားတစ်စီး ဘီးပေါက်၍ တိမ်းမှောက်ခဲ့ရာ သံဃာတစ်ပါး နှင့် လူ (၂)ဦးသေဆုံး
စော(NSS) - ဇန်နဝါရီ ၄
ရန်ကုန်-မန္တလေး အမြန်လမ်း၌ ကားတစ်စီး ဘီးပေါက်၍ တိမ်းမှောက်ခဲ့ရာ သံဃာတစ်ပါး နှင့် လူ (၂)ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဇန်နဝါရီလ ၄ ရက်)၊ နံနက် (၇)နာရီခွဲအချိန်တွင် ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ် (၂၈၆/၆) နှင့် (၂၈၆/၇)ကြား၌ အထက်ပါကဲ့သို့ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သီးကုန်းအမြန်လမ်းမီးသတ်စခန်းထံမှ သိရသည်။
အဆိုပါ ကားသည် ISUZU အစိမ်းရောင်အမျိုးအစားဖြစ်ပြီး မန္တလေးဘက်မှ ရန်ကုန်သို့သွားစဉ် အခင်းဖြစ်ပွားရာနေရာအရောက်၌ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။
“ကားက ရှေ့ဘီးပေါက်ပြီး သူတစ်စီးထဲ လမ်းဘေးကျသွားတာပါ။ မန္တလေးကနေ ရန်ကုန်ကိုဆင်းတာပါ။ မန္တလေးအဆင်းဘက်ခြမ်းမှာဖြစ်သွားတာပါ။ ကားပေါ်မှာ ငါးယောက်ပါတယ်။ ထိခိုက်သေဆုံးတာ (၃)ဦးရှိပါတယ်။ သံဃာတစ်ပါးရယ် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးပါ"ဟု သီးကုန်းအမြန်လမ်းမီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
၎င်းယာဉ်ပေါ်တွင် သံဃာ (၂)ပါးအပါအဝင် အမျိုးသား (၂)ဦးနှင့် အမျိုးသမီး (၁)ဦး စုစုပေါင်း (၅)ဦးတို့ လိုက်ပါစီးနင်းလာခဲ့ကြောင်း သိရသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် သံဃာတစ်ပါး၊ အမျိုးသား (၁)ဦးနှင့် အမျိုးသမီး (၁)ဦးတို့ အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးခဲ့ပြီး ၎င်းတို့၏ ရုပ်အလောင်းအား မိတ္တီလာပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ထို့အတူ ပြီးခဲ့သည့် ဇန်နဝါရီလ ၁ ရက်တွင်လည်း ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ် (၃၁၆/၁)နှင့် (၃၁၆/၂)ကြား၌ Hijet ကားတစ်စီး ဘီးပေါက်၍ ဘယ်ရီယာတုံးအား ဝင်တိုက်မိခဲ့ရာ ကလေးငယ်တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြောက်ကိုရီးယားနိုင်ငံက တောင်ကိုရီးယားကို ရန်သူနိုင်ငံလိုမျိုး ပြုမူဆက် ဆံသွားဖွယ်ရှိနေ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း