အမြန်လမ်း၌ Hijet ကားတစ်စီး ဘီးပေါက်၍ ဘယ်ရီယာတုံးအား ဝင်တိုက်မိခဲ့ရာ ကလေးငယ်တစ်ဦး သေဆုံး
စော (NSS) - ဇန်နဝါရီ ၁
ရန်ကုန်-မန္တလေးအမြန်လမ်း၌ Hijet ကားတစ်စီး ဘီးပေါက်၍ ဘယ်ရီယာတုံးအား ဝင်တိုက်မိခဲ့ရာ ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဇန်နဝါရီလ ၁ ရက်)၊ ညနေ (၃)နာရီဝန်းကျင်အချိန်တွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၃၁၆/၁)နှင့် (၃၁၆/၂) ကြား၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း M-rescue MAGWAY မြေပြင်လူမှုကူညီရေးအသင်းထံမှ သိရသည်။
အဆိုပါ Hijet ယာဉ်သည် မန္တလေးမှ ရန်ကုန်သို့ မောင်းနှင်လာစဉ် အခင်း ဖြစ်ပွားရာနေရာ၌ ကားဘီးပေါက်၍ ဘယ်ရီယာတုံးအား ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မန္တလေးဘက်ကနေ ရန်ကုန်ဘက်အသွား ဘယ်ဘက်ရှေ့ဘီးပေါက်ပြီး လမ်းလယ်တုံးတွေကို ဝင်တိုက်တာပါ။ ကားပေါ်မှာ အကုန်လုံး (၉)လောက်ရှိတယ်။ အဲဒီ (၉)ယောက်ကိုမှ အနီရောင်အဆင့် (၁၀)နှစ်သမီး နှာခေါင်းရိုးကျိုးပြီး သွေးထွက်လွန်တယ်။ အသက် (၄၀)ကျော်အမျိုးသမီးကလည်း ဘယ်ဘက်ဦးနှောက်ပွင့်သွားတယ်။ သူကလည်း အနီရောင်အဆင့်ပဲ။ အသက် (၁၂)နှစ်သားကလေးကတော့ ပွဲချင်းပြီးဆုံးသွားတယ်”ဟု M-rescue MAGWAY မြေပြင်လူမှုကူညီရေးအသင်းက တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
၎င်းယာဉ်ပေါ်တွင် အမျိုးသား (၄)ဦးနှင့် အမျိုးသား (၅)ဦး စုစုပေါင်း (၉)ဦးလိုက်ပါလာပြီး အမျိုးသား (၂)ဦးနှင့် အမျိုးသမီး (၂)ဦး စုစုပေါင်း (၅)ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကလေးငယ်တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ၎င်းတို့အား မိတ္ထီလာပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားကြောင်း M-rescue MAGWAY မြေပြင်လူမှုကူညီရေးအသင်းက တာဝန်ရှိသူတစ်ဦးက ဆိုသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အကူအညီလိုအပ်ပါက သံရုံးသို့ ဆက်သွယ်ရန်အသိပေး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း