စစ်ရေးတင်းမာနေချိန်မှာပဲ ဗြိတိန်စစ်ဘက်က ယူကရိန်းကို ဒုံးကျည်အစင်းပေါင်း ၂ဝဝ ကျော် ထပ်မံပံ့ပိုးကူညီ
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၃၁
ယူကရိန်းက ဒီဇင်ဘာ ၃ဝ ရက်မှာ ရုရှားနယ်စပ်ဒေသရှိ လူနေအဆောက်အဦးတွေကို တိုက်ခိုက်မှုကြောင့် တင်းမာမှုအရှိန်မြင့်တက်နေချိန်မှာပဲ ဗြိတိန်အစိုးရဟာ ယူကရိန်းနိုင်ငံကို ဒုံးကျည်အစင်းပေါင်း ၂ဝဝ ကျော် ကူညီထောက်ပံ့ပေးသွားမယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ဖော်ပြထားပါတယ်။
ဗြိတိန်အစိုးရဟာ ပြီးခဲ့တဲ့နှစ်ကလည်း လေကြောင်းရန်ကာကွယ်ရေးအတွက် Advanced Short Range Air-to-Air Missiles (ASRAAM) ဒုံးကျည်များ ကူညီထောက်ပံ့ပေးခဲ့ဖူးကြောင်း သိရပါတယ်။ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ၎င်းတို့ဟာ ယူကရိန်းကို စစ်ရေးအကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၆ ဘီလျံနီးပါး ကူညီထောက်ပံ့ပေးထားပြီး နောက်ထပ် အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ဘီ လျံကို လာမယ့်နှစ် မတ်လကုန်အထိ ထပ်မံကူညီသွားမယ်လို့ ပြောပါတယ်။
ရုရှားဟာ ယူကရိန်းကို ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ အရှိန်မြင့်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တင်းမာမှုတွေ ပိုမိုဖြစ်လာခဲ့ရပြီး ရုရှားတို့ပစ်ခတ်လိုက်တဲ့ ဒုံးကျည် နဲ့ ဒရုန်းတွေထဲကနေ ၁၅၈ ခုကို ရှာဖွေဖျက်ဆီးနိုင်ခဲ့တယ်လို့ ယူကရိန်းစစ်ဘက်က ပြောပါတယ်။
ဗြိတိန်ကာကွယ်ရေးဝန်ကြီးက ရုရှားသမ္မတပူတင်ဟာ ယူကရိန်းရဲ့ကာကွယ်ရေးစနစ်နဲ့ အနောက်အုပ်စုရဲ့ကူညီဖြေရှင်းနိုင်စွမ်းကို ဒုံးကျည်နဲ့ ဒရုန်းအများအပြား ပစ်လွှတ်ပြီးစမ်းသပ်ခဲ့ကြောင်း၊ လက်ရှိအချိန်မှာ ယူကရိန်းနိုင်ငံ စစ်နိုင်ဖို့အတွက် ကူညီကြိုးပမ်းမှုတွေကို နှစ်ဆတိုးမြှင့် လုပ်ဆောင်သွားရမှာဖြစ်ကြောင်း လက်ရှိအချိန်မှာ ကမ္ဘာကြီးလွတ်လပ်မှုတွေအတွက် အတူတကွလုပ်ဆောင်သွားရမှာဖြစ်ကြောင်း ပြောပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးက ၎င်းတို့ဟာ ယူကရိန်းစက်မှုလုပ်ငန်းတွေ၊ စစ်ဘက်ဆိုင်ရာအဆောက်အဦးတွေ၊ ခဲယမ်းမီးကျောက်သိုလှောင်ရုံတွေ နဲ့ စစ်သားတွေ စခန်းချရာနေရာတွေကို တစ်ကြိမ်တိုက်ခိုက်ရင် ဒုံးကျည်နဲ့ ဒရုန်းအများအပြား အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းနှင့် ပြည်ပက ၂၄ နာရီအတွင်း သတင်းထူးများ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ