မနက်ဖြန်ဖွင့်လှစ်မည့် (၅၈)ကြိမ်မြောက် အောင်ဘာလေသိန်းဆုထီအတွက် ထီလက်မှတ်ရောင်းရငွေ ကျပ်(၅)ဘီလျံကျော်ရရှိခဲ့
ယွန်း (NSS) - ဒီဇင်ဘာ ၃၁
မနက်ဖြန်(ဇန်နဝါရီလ ၁ ရက်) တွင် ဖွင့်လှစ်မည့် (၅၈)ကြိမ်မြောက် အောင်ဘာလေသိန်းဆုထီအတွက် ထီလက်မှတ်ရောင်းရငွေ ကျပ်(၅)ဘီလျံကျော် ရရှိခဲ့ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနထံမှ သိရသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနက ယနေ့(ဒီဇင်ဘာ ၃၁ ရက်) ထုတ် နိုင်ငံပိုင်သတင်းစာတွင် အထက်ပါကဲ့သို့ အသိပေးကြေညာထားခြင်းဖြစ်သည်။
၂ဝ၂၄ ခုနှစ်၊ ဇန်နဝါရီ(၁)ရက်တွင် ကျင်းပမည့်(၅၈)ကြိမ်မြောက် ကျပ်(၁ဝဝဝ)တန် အောင်ဘာလေသိန်းဆုထီဖွင့်ပွဲ အတွက် “က” အက္ခရာမှ အစဥ်လိုက် “ဈ” အက္ခရာအထိ စုစုပေါင်းအက္ခရာ(၉)လုံးအပေါ်မှ (၇၅)ရာခိုင်နှုန်းဖြစ် သော ထီစာအုပ်(၅၅၂၂၇၆) ကို ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ထီလက်မှတ်ရောင်းရငွေမှာ ကျပ်(၅၅၂၂ ဒသမ ၈) သန်းရရှိခဲ့ပြီး ၇ဝ ရာခိုင်နှုန်း ခွဲဝေချီးမြှင့်ပေးမည်ဖြစ်သောကြောင့် ငွေကျပ်(၃၈၆၅ ဒသမ ၉) သန်းကို ထီဆုငွေအဖြစ် ချီးမြှင့်မည်ဖြစ်ကြောင်း ကြေညာချက်အရ သိရသည်။
အဆိုပါ ၇ဝ ရာခိုင်နှုန်း ခွဲဝေချီးမြှင့်ပေးမည့် ထီဆုငွေများအပြင် ဘဏ္ဍာသိမ်းရငွေ ကျပ် (၂၄၂ ဒသမ ၅) သန်းကို လည်း ထည့်သွင်းချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
(၅၈) ကြိမ်မြောက် အောင်ဘာလေသိန်းဆုထီဖွင့်ပွဲတွင် အမြင့်ဆုံးပေးအပ်မည့် အထူးဆုသည် ငွေကျပ်သိန်း (၅ဝဝဝ) တစ်ဆု၊ ငွေကျပ်သိန်း(၂ဝဝဝ) တစ်ဆုနှင့် ကျပ်သိန်း(၁ဝဝဝ)တစ်ဆုဖြစ်ကြောင်း သိရသည်။
ထို့ပြင် (၅၈)ကြိမ်မြောက် အောင်ဘာလေအွန်လိုင်းသိန်းဆုထီဖွင့်ပွဲကိုလည်း ဇန်နဝါရီ(၁)ရက်တွင် သီးခြားဖွင့်လှစ် သွားမည်ဖြစ်ပြီး ထီလက်မှတ်များကို အွန်လိုင်းသိန်းဆုထီလက်မှတ်များ၏ စုစုပေါင်း ရောင်းရငွေအပေါ်မှ ၇ဝ ရာခိုင်နှုန်းအား ဆုမဲအဖြစ် ပြန်လည်ခွဲဝေ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အောင်ဘာလေသိန်းဆုထီဖွင့်ပွဲကို လာမည့်(ဇန်နဝါရီ ၁ ရက်)၊ နံနက်(၈)နာရီအချိန်တွင် ကျင်းပသွားမည် ဖြစ်ပြီး အောင်ဘာလေအွန်လိုင်း သိန်းဆုထီဖွင့်ပွဲကို နံနက် (၁ဝ) နာရီအချိန်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေးနိုင်ငံအနေနဲ့ ဂါဇာ-အီဂျစ်နယ်စပ်ဒေသကိုအပြည့်အဝထိန်းချုပ်နိုင်အောင် ကြိုးပမ်းသွားမှာဖြစ်ကြောင်း ဝန်ကြီးချုပ်နေတန်ရာဟု ပြော
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ