အုတ်ဖိုမြို့နယ်၌ ရာအိမ်မှူးနှင့် ၎င်းဇနီးဖြစ်သူကို PDF အဖွဲ့က သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်
NSS - ဒီဇင်ဘာ ၃၁
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် ရာအိမ်မှူး နှင့် ၎င်းဇနီးဖြစ်သူကို PDF အဖွဲ့က သေနတ်ဖြင့်လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထာသည်။
ပြီးခဲ့သော ဒီဇင်ဘာ ၂၈ ရက်၊ နံနက် ၇ နာရီအချိန်တွင် အုတ်ဖိုမြို့နယ်၊ ရေတာရွာသစ်ကျေးရွာ၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာရှိ ရာအိမ်မှူးဖြစ်သူ ဦးသန်းနိုင်(၅၄)နှစ်သည် ၎င်း၏ဇနီးဖြစ်သူ ဒေါ်ခင်ထွေးမြင့်(၅၉)နှစ်နှင့်အတူ နေအိမ်၌ ရှိနေစဉ် PDF အဖွဲ့က ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။
ထိုသို့ပစ်ခတ်ခံရမှုကြောင့် ဦသန်းနိုင်နှင့် ဒေါ်ခင်ထွေးမြင့်တို့ လင်မယား(၂)ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အလားတူ ယင်းနေ့ နံနက် ၁ဝ နာရီအချိန်တွင် မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ တက်စည်ကျေးရွာအနီး၊ ပြင်စည်-တက်စည် ဆည်ဘောင်လမ်းဘေး၌ အမျိုးသားတစ်ဦးအား PDFအဖွဲ့က ဓားဖြင့်ထိုးခုတ်သတ်ဖြတ်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆက်လက်ထုတ်ပြန်ထားသည်။
ထန်းတောကျေးရွာတွင်နေထိုင်သည့် ဦးအေးမြင့်ကြိုင်(၄၁)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အဖွဲ့ဝင်(၁၂)ဦး က ရောက်ရှိလာပြီး ၎င်းအား လက်ပြန်ကြိုးတုပ်၍ ဖမ်းဆီးခေါ်ဆောင်သွားကာ အထက်ပါလမ်းဘေးအရောက်၌ ဓားဖြင့်ထိုးခုတ်သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။
ထိုသို့ ဓားဖြင့်ထိုးခုတ်သတ်ဖြတ်ခံရမှုကြောင့် ဦးအေးမြင့်ကြိုင်တွင် လည်ပင်းပြတ်ရှဒဏ်ရာနှင့် ဝဲရင်အုံထိုးသွင်း ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ပြစ်မှုကျူလွန်သူများအား ဖော်ထုတ်ဖမ်ဆီး၍ ဥပဒေနှင့်အညီအပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မနက်ဖြန်ဖွင့်လှစ်မည့် (၅၈)ကြိမ်မြောက် အောင်ဘာလေသိန်းဆုထီအတွက် ထီလက်မှတ်ရောင်းရငွေ ကျပ်(၅)ဘီလျံကျော်ရရှိခဲ့
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း