တရုတ်အစိုးရက ကာကွယ်ရေးဝန်ကြီးအသစ်ခန့်အပ်
Pika (NSS) - ဒီဇင်ဘာ ၃ဝ
တရုတ်အစိုးရသည် ဒီဇင်ဘာလ(၂၉)ရက်တွင် ရေတပ်ဦးစီးချုပ်ဟောင်းဒေါင်ဂျွန်ကို ကာကွယ်ရေးဝန်ကြီးအသစ်အဖြစ်ခန့်အပ်ခဲ့ကြောင်းသိရသည်။
တရုတ်အစိုးရသည် ပြီးခဲ့သည့်အောက်တိုဘာလတွင် ကာကွယ်ရေးဝန်ကြီးလီရှန်ဖုကို ရာထူးမှထုတ်ပယ်ခဲ့ပြီးနောက် နှစ်လအကြာတွင် ယခုကဲ့သို့ ကာကွယ်ရေးဝန်ကြီးအသစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ တရုတ်သမ္မတရှီကျင့်ဖျင်သည် ၎င်း၏နိုင်ငံကို ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်လာစေရန် တွန်းအားပေးမှုတစ်စိတ်တစ်ပိုင်းအဖြစ် စစ်တပ်ကို အဆင့်မြှင့်တင်မှုများလုပ်ဆောင်နေချိန်တွင် အဆိုပါခန့်အပ်မှုထွက်ပေါ်လာခြင်းဖြစ်သည်။
အသက်(၆၂)နှစ်အရွယ်ရှိ ဒေါင်ဂျွန်ကို တရုတ်လွှတ်တော် ၏ အမြင့်ဆုံးအဖွဲ့ဖြစ်သော အမြဲတမ်းဗဟိုကော်မတီဝင်များအစည်းအဝေးတွင် ကာကွယ်ရေးဝန်ကြီးအသစ်အဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်း ဆင်ဟွာသတင်းအေဂျင်စီက ဖော်ပြခဲ့သည်။ ဒေါင်ဂျွန်၏ လက်ရှိတာဝန်သည် တောင်တရုတ်ပင်လယ်၊ ထိုင်ဝမ်အရေးတို့နှင့်ပတ်သက်ပြီး ပဋိပက္ခဖြစ်ပွားနိုင်ခြေများကို လျှော့ချရန်အတွက် အမေရိကန်စစ်တပ် နှင့် ထိတွေ့ဆက်ဆံမှုများလုပ်ဆောင်ရန်ဖြစ်ကြောင်းသိရသည်။ ဒေါင်ဂျွန်သည် ၂၀၂၁ ခုနှစ်တွင် ရေတပ်ဦးစီးချုပ်မဖြစ်လာမီ အရှေ့ပင်လယ်အတွင်းရှိ တရုတ်ရေတပ် သင်္ဘောအုပ်စုများကို စီမံခန့်ခွဲသောအဖွဲ့၏ ဒုတိယအကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်းသိရသည်။
စင်ကာပူနိုင်ငံ Rajaratnam School of International Studies မှ နိုင်ငံတကာဆက်ဆံရေးပညာရှင် Li Mingjiang က "ဒေါင်ဂျွန်ဟာ တရုတ်နဲ့အမေရိကန်စစ် တပ်ကြား ထိတွေ့ဆက်ဆံမှုတွေကို စီမံခန့်ခွဲမှုတွေလုပ်ဆောင်ရာမှာ ရင်းနှီးပြီးသားဖြစ်မှာပါ။ ဒါဟာ ကျွန် တော်တို့စစ်တပ်နှစ်ခုကြား အကျပ်အတည်းတွေကို စီမံခန့်ခွဲရာမှာ အသုံးဝင်လာပါလိမ့်မယ်"ဟု ပြောဆိုခဲ့သည်။
တရုတ်အစိုးရသည် ကာကွယ်ရေးဝန်ကြီးဟောင်း လီရှန်ဖု၏ လူမြင်ကွင်းမှပျောက်ကွယ်နေရသည့် အကြောင်းအရင်းများကို ထုတ်ဖော်ပြောဆိုခဲ့ခြင်းမျိုးမရှိဘဲ ၎င်းကိုရာထူးမှ ထုတ်ပယ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ လီရှန်ဖုသည် ပြီးခဲ့သည့်မတ်လတွင် ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်မထမ်းဆောင်မီ စက်ပစ္စည်းဝယ်ယူရေးနှင့်သုတေသနဌာနကို ဦးဆောင်ခဲ့သူဖြစ်ကြောင်းသိရသည်။ထို့ပြင် လီရှန်ဖုသည် ပြီးခဲ့သည့်ဩဂုတ်လ(၂၅)ရက်က တည်းက လူမြင်ကွင်းမှပျောက်ကွယ်နေခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
လီရှန်ဖုသည် စက်ပစ္စည်းကိရိယာဝယ်ယူရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့နှင့်ဆက်စပ်သည့် အကျင့်ပျက်ခြစားမှုများအတွက် စုံစမ်းစစ်ဆေးမှုများကို ခံနေရကြောင်း သတင်းရင်းမြစ်များကို ကိုးကားပြီး ရိုက်တာသတင်းဌာနကဖော်ပြခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်ဦးဆောင်သော ပင်လယ်နီစစ်ဆင်ရေးတွင် ပါဝင်ရန်အတွက် ဖရီးဂိတ်သင်္ဘောတစ်စီးစေလွှတ်သွားမည်ဖြစ်ကြောင်း ဒိန်းမတ်အစိုးရပြော
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း