အမေရိကန်ဦးဆောင်သော ပင်လယ်နီစစ်ဆင်ရေးတွင် ပါဝင်ရန်အတွက် ဖရီးဂိတ်သင်္ဘောတစ်စီးစေလွှတ်သွားမည်ဖြစ်ကြောင်း ဒိန်းမတ်အစိုးရပြော
Pika (NSS) - ဒီဇင်ဘာ ၃ဝ
လာမည့်လတွင် အမေရိကန်နိုင်ငံဦးဆောင်သော ပင်လယ်နီစစ်ဆင်ရေးတွင်ပါဝင်ရန်အတွက် ဖရီးဂိတ်သင်္ဘောတစ်စီးကို စေလွှတ်သွားမည်ဖြစ်ကြောင်း ဒိန်းမတ်ကာကွယ်ရေးဝန်ကြီး Troels Lund Poulsen က ဒီဇင်ဘာလ(၂၉)ရက်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။
ကုန်တင်သင်္ဘောများကို အီရန်ကျောထောက်နောက်ခံပြု ဟူသီလက်နက်ကိုင်အဖွဲ့၏ ပစ်မှတ်ထားတိုက်ခိုက်ခြင်းမှ ကာကွယ်ရန်အတွက် ပင်လယ်နီတောင်ပိုင်း နှင့် အေဒင်ပင်လယ်ကွေ့တို့တွင် ကင်းလှည့်မှုများ လုပ်ဆောင်ရန် အမေရိကန်နှင့်အခြားနိုင်ငံ အများအပြားတို့က ဒီဇင်ဘာ လ(၁၉)ရက်တွင် သဘောတူညီခဲ့ကြကြောင်းသိရသည်။
ဒိန်းမတ်ကာကွယ်ရေးဝန်ကြီး Troels Lund Poulsen က "အရပ်ဘက်သင်္ဘောတွေကို တိုက်ခိုက်မှုတွေ ဆက် လက်လုပ်ဆောင်နေတဲ့ ပင်လယ်နီမှာ ဆိုးရွားတဲ့ အခြေအနေတွေပေါ်ပေါက်လာမှာကို ကျွန်တော်တို့ တကယ်စိုးရိမ်မိပါတယ်"ဟု ပြောဆိုခဲ့သည်။
အမေရိကန်ဦးဆောင်သော ကင်းလှည့်မှုများတွင် ပါဝင်ရန်အတွက် လာမည့် ဇန်နဝါရီလကုန်တွင် ဖရီးဂိတ်သင်္ဘောတစ်စီး စေလွှတ်ရန် အဆိုပြုချက်ကို လွှတ်တော်ထံသို့ တင်သွင်းသွားမည်ဖြစ်ကြောင်း ဒိန်းမတ်အစိုးရကပြောကြားခဲ့သည်။ Prosperity Guardian သည် ယီမင်ကမ်းလွန်ပင်လယ်နီရှိ အရေးကြီးသော သင်္ဘောလမ်း ကြောင်းများကို အသုံးပြုနေသည့် အမေရိကန်ဒေါ်လာဘီလီယံချီတန်ဖိုးရှိသော ကုန်သွယ်မှုများ လွတ်လပ်စွာစီးဆင်းနိုင်စေရန်အတွက် နိုင်ငံပေါင်း(၂၀)ကျော်ပါဝင်သည့် ကာကွယ်ရေးညွန့်ပေါင်းအဖွဲ့တစ်ခုဖြစ်ကြောင်း အမေရိကန်အစိုးရကပြောကြားခဲ့သည်။
ဒိန်းမတ်အစိုးရသည် အရာရှိတစ်ဦးကို စေလွှတ်ခဲ့ပြီး အမေရိကန်ဦးဆောင်သော ညွန့်ပေါင်းအဖွဲ့တွင် ပါဝင်သွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့်ဒီဇင်ဘာလ(၂၀)ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း၌ ရင်းနှီးမြှုပ်နှံခွင့်ရသည့် နိုင်ငံသားကုမ္ပဏီများစာရင်းကို မကြာမီလပိုင်းအတွင်း အသိပေးကြေညာမည်
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း