ရဲတပ်ဖွဲ့ဝင်တိုင်း စစ်နည်းဗျူဟာများနှင့် စစ်အတတ် ပညာများကို စဉ်ဆက်မပြတ်လေ့လာရန် ရဲချုပ်တိုက်တွန်း
ကျော် (NSS) - ဒီဇင်ဘာ ၃၀
ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ပြောင်းလဲတိုးတက်လာသည့် ရဲလုပ်ငန်းစနစ်များ၊ စစ်နည်းဗျူဟာများ နှင့် စစ်အတတ် ပညာများကို စဉ်ဆက်မပြတ်လေ့လာနေရမည်ဖြစ် ကြောင်း ပြည်ထဲရေး ဒုဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးနီလင်းအောင်က တိုက်တွန်းထားသည်။
ယမန်နေ့ (ဒီဇင်ဘာလ ၂၉ ရက်)က မန္တလေးတိုင်း၌ ကျင်းပသည့် ဒု-ရဲအုပ်လောင်းသင်တန်းအမှတ်စဉ် (၁၁၅/၂၀၂၃)ရဲသူရတပ်ခွဲ၊ သင်တန်းဆင်းပွဲအခမ်းအနားတွင် အထက်ပါကဲ့သို့ တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ် သည်။
ရဲတပ်ဖွဲ့ဝင်တိုင်း စွမ်းရည်ပြည့်ဝထက်မြက်နေစေရန် လေ့ကျင့်ရေးမူဝါဒနှင့်အညီ ပြောင်းလဲတိုးတက်လာသည့် ရဲလုပ်ငန်းစနစ်များ၊ စစ်နည်းဗျူဟာများနှင့်စစ်အတတ် ပညာများကို စဉ်ဆက်မပြတ်လေ့လာနေရမည်ဖြစ်ကြောင်း ၎င်းကတိုက်တွန်းပြောကြားခဲ့သည်။
ထို့အတူ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်တွင်းလုံခြုံရေးကို တပ်မတော်နှင့်အတူ ဆောင်ရွက်နေကြ၍ လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် လုံခြုံရေးကျိုးပေါက်မှုများမရှိစေရေးကို အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
ထို့ပြင် လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်ရာ၌ ရဲတပ်ဖွဲ့ဝင်များသည် တပ်မတော်နှင့်အတူလက်တွဲ၍ လက်ရှိအခြေအနေအား တည်ငြိမ်အေး ချမ်းအောင်ဆောင်ရွက်သွားကြရမည်ဟုလည်း တိုက် တွန်းပြောကြားခဲ့သည်။
အဆိုပါ သင်တန်းဆင်းပွဲတွင် တပ်တွင်းဘွဲ့ရအမျိုးသား (၁၉၉)ဦး၊ တပ်တွင်းဘွဲ့ရအမျိုးသမီး(၁၄၂) ဦး (စုစုပေါင်း ၃၄၁ ဦး)ကို သင်တန်းဆင်းပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပေကျင်းဦးဆောင်သည့် ဒေသတွင်းကုန်သွယ်ရေးအစုအဖွဲ့၌ ဘင်္ဂလားဒေ့ရ်ှပါ၀င်လာခြင်းကို အိန္ဒိယ သတိဖြင့် အကဲဖြတ်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ