Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဦးကိုကိုကြီး ဦးဆောင်သော ပြည်သူ့ပါတီ(PP) မှတ်ပုံတင်လျှောက်ထားပြီးနောက် (၉)လကျော်အကြာ၌ UEC က မှတ်ပုံတင်ခွင့်ပြုပေးခဲ့

မြူနစ် (NSS) - ဒီဇင်ဘာ ၃၀

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး ဦးဆောင်သော ပြည်သူ့ပါတီ(PP) မှတ်ပုံတင်လျှောက်ထားပြီးနောက် (၉)လကျော်အကြာ၌ UEC က မှတ်ပုံတင်ခွင့်ပြုပေးခဲ့သည်။


နစက၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ပြည်သူ့ပါတီကို ယမန်နေ့ (ဒီဇင်ဘာလ ၂၉ ရက်)မှစ၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း ကြေညာခဲ့သည်။

ဦးကိုကိုကြီး ဦးဆောင်သော ပြည်သူ့ပါတီ၏ မှတ်ပုံတင်အမှတ်သည် (၄၇)ဖြစ်ကြောင်းလည်း ကော်မရှင်က ကြေညာထားသည်။

နစကအစိုးရက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ပြဋ္ဌာန်းခဲ့ပြီးနောက်ပိုင်း ပြီးခဲ့သော မတ်လ ၂၄ ရက်တွင် ပြည်သူ့ပါတီသည် နိုင်ငံတစ်ဝန်းစည်းရုံးမည့်ပါတီအဖြစ် ရွေးကောက်ပွဲကော်မရှင်ထံ၌ မှတ်ပုံတင်ပြန်လည် လျှောက်ထားခဲ့သည်။

“ဒါကတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကျွန်တော်တို့ ပါတီတည်ထောင်ခွင့် လျှောက်ထားတဲ့ ပါတီတည်ထောင်လိုသူတွေအားလုံးကို စိစစ်တဲ့အခါမှာ ကြန့်ကြာတယ်လို့ပဲ သိရှိထားပါတယ်။ စစ်ပြီးတဲ့အခါကြတော့ အားလုံး ပြည့်စုံလို့ သူတို့ ခွင့်ပြုပေးလိုက်တယ်လို့ ကျွန်တော်တို့ အပြုသဘောဆောင်ပြီးတော့ မြင်ပါတယ်” ဟု ပြည်သူ့ပါတီ တည်ထောင်လိုသူ ဒုတိယခေါင်းဆောင်ဖြစ်သော ဦးကျော်လင်းက NSS ကို ပြောသည်။

လက်ရှိတွင် ပါတီမှတ်ပုံတင်ခွင့် ရရှိခဲ့ပြီဖြစ်သည့်အတွက် ပြည်သူ့ပါတီအနေဖြင့် ရက်ပေါင်း (၉၀)အတွင်း ပါတီဝင်အင်အား တစ်သိန်းရရှိရန်အတွက် စီမံချက်ချကာ စုဆောင်းသွားမည်ဖြစ်ကြောင်း ဦးကျော်လင်းက ပြောသည်။

“ကျွန်တော်တို့ ပါတီမှတ်ပုံတင်ရပြီဆိုတော့ ရက်ပေါင်း (၉၀)အတွင်းမှာ ပါတီဝင်စုဆောင်းတဲ့ အလုပ်တွေ လုပ်ရတော့မှာ။ ဥပဒေ ပုဒ်မ ၅၊ ပုဒ်မခွဲ (စ)ပါအတိုင်းပေါ့။ ကျွန်တော်တို့က မြန်မာတစ်နိုင်ငံလုံး စည်းရုံးမယ့်ပါတီဖြစ်တဲ့အတွက် အနည်းဆုံး ပါတီဝင် တစ်သိန်းကို စုဆောင်းရမှာဖြစ်ပါတယ်။ အဲဒါကိုလည်း ကျွန်တော်တို့ ပုံစံ(ဇ)နဲ့ စုဆောင်းပြီးတော့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တင်ပြရမှာပေါ့။ အဲဒါကြောင့် ကျွန်တော်တို့ တစ်နိုင်ငံလုံးမှာ ရှိတဲ့ပါတီဝင် အင်အားတွေကို စတင်ပြီး စုဆောင်းဖို့အတွက်ကို စီမံချက်ချပြီး ဆောင်ရွက်သွားမယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

လွှတ်တော်အမတ်ဟောင်း ဦးစိန်ဝင်း ဦးဆောင်သော အမျိုးသားညီညွတ်သောဒီမိုကရက်တစ်ပါတီ(NUDP)သည် ဦးကိုကိုကြီး ဦးဆောင်သည့် ပြည်သူ့ပါတီနှင့် ပူးပေါင်းထားသည်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ ရွေးကောက်ပွဲကော်မရှင်ထံတွင် မှတ်ပုံတင်လျှောက်ထားခဲ့သော နိုင်ငံရေးပါတီသည် လက်ရှိအချိန်ထိ စုစုပေါင်း (၆၅)ပါတီရှိကြောင်း သိရသည်။

အဆိုပါ (၆၅)ပါတီအနက် ပါတီပေါင်း (၄၇)ခုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့်ပြုပေးထားကြောင်း သိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရွှေဘိုမြို့နယ်တွင် အကြမ်းဖက်သမားများက Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်မှုကြောင့် အရပ်သား (၁)ဦးသေဆုံးကာ (၂)ဦး ထိခိုက်ဒဏ်ရာရရှိ

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved