တရုတ်ထုတ် အပျော်စီးသင်္ဘော Adora Magic City ရှန်ဟိုင်းမြို့မှ ပထမဆုံး ထွက်ခွာမည်
ရောင်နီ (NSS) - ဒီဇင်ဘာ ၃၀
တရုတ်နိုင်ငံရဲ့ပထမဆုံးပြည်တွင်းထုတ် အပျော်စီးသင်္ဘော Adora Magic City ဟာ ဇန်နဝါ ရီလ ၁ ရက်မှာ ၎င်းရဲ့ပထမဆုံးခရီးကို စတင်ထွက်ခွာဖို့ စီစဉ်ထားပြီး ပြည်မကြီးမှ ခရီးသွားတွေကို သက်တောင့်သက်သာနဲ့ နိုင်ငံရပ်ခြားသွားလာဖို့ ကမ်းလှမ်းထားပါတယ်။
Adora Magic City ဟာ ၎င်းရဲ့မွေးရပ်ဆိပ်ကမ်းဖြစ်တဲ့ ရှန်ဟိုင်းမြို့မှ ဇန်နဝါရီလ ၁ ရက်မှာ စတင်ထွက်ခွာမှာဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံ၊ ဂျယ်ဂျူကျွန်းနဲ့ ဂျပန်မြို့တွေဖြစ်တဲ့ နာဂါဆာကီ နဲ့ ဖူကူအိုကာကို ရောက်ရှိမှာဖြစ်ပါတယ်။
၎င်းကို CSSC Carnival Cruise Shipping က တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ဒီလုပ်ငန်းဟာ တရုတ်နိုင်ငံရဲ့ အကြီးဆုံးသင်္ဘော တည်ဆောက်ရေးကုမ္ပဏီ China State Shipbuilding Corp နဲ့ United States မှ Carnival Corp တို့အကြား ဖက်စပ်လုပ်ငန်းတစ်ခုလည်း ဖြစ်ပါတယ်။ အဆိုပါသင်္ဘောဟာ အရှည် ၃၂၃ ဒသမ ၆ မီတာရှိပြီး ဧည့်ခန်းပေါင်း ၂,၁၂၅ ရှိကာ ခရီးသည်ပေါင်း ၅၂၄၆ ဦးအထိ သယ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
သင်္ဘောအထပ်ဟာ ၁၆ ထပ်ရှိပြီး စားသောက်ဆိုင်နဲ့ ဘား ၂၂ ခု ပါ၀င်မယ်လို့ သိရပါတယ်။ အဆိုပါသင်္ဘောကို နိုင်ငံရဲ့ အဓိကမှတ်တိုင်အဖြစ် နိုင်ငံပိုင်သတင်းမီဒီယာတွေက အမွှန်းတင်ထားပါတယ်။
တရုတ်ဟာ ၂၀၂၅ ခုနှစ်မှာ နိုင်ငံတကာလေကြောင်းခရီးသည်ဝင်ရောက်မှုတွေ အပြည့်အဝ ပြန်လည်ကောင်းမွန်လာဖို့ မျှော်လင့်ထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အိန္ဒိယနိုင်ငံမှာ ကြက်တွေ သယ်ဆောင်လာတဲ့ ထရပ်ကား မတော်တဆမှု ဖြစ်ခဲ့၊ အနီးအနားရှိလူတွေက ကြက်တွေကို ခိုးယူမှုဖြစ်ပွား
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း