မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက မကွေးတိုင်းအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ငွေကျပ်သိန်း (၃၉၀၀)ကျော် ကူညီထောက်ပံ့
ဟိန်း (NSS) - ဒီဇင်ဘာ ၂၉
မြန်မာနိုင်ငံကြက်ခြေနီအသင်းက မကွေးတိုင်းဒေသကြီး၊ ဆင်ဖြူကျွန်းမြို့ နှင့် ကျေးရွာများအတွင်းရှိ ရေဘေးသင့်ပြည်သူများအား ငွေကျပ် သိန်း (၃၉၀၀)ကျော် ကူညီထောက်ပံ့ပေးခဲ့ကြောင်း အဆိုပါအသင်း၏ ဒီဇင်ဘာလ ၂၇ ရက် ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းက အပြည်ပြည်ဆိုင်ရာကြက်ခြေနီ နှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း၊ ဂျာမနီနိုင်ငံကြက်ခြေနီအသင်း နှင့် ဒိန်းမတ်နိုင်ငံကြက်ခြေနီအသင်းတို့၏ ပံ့ပိုးကူညီမှုဖြင့် ကန်သတ်ချက်မဲ့ ငွေသားထောက်ပံ့ခြင်းအစီအစဥ်အရ မကွေးတိုင်းဒေသကြီးအတွင်းဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုများကြောင့် ထိခိုက်ခံစားခဲ့ရသည့် ရပ်ရွာလူထုအား ငွေသားထောက်ပံ့ခြင်းအစီအစဉ်ကို ဒီဇင်ဘာလ(၂၂)ရက်မှ (၂၃) ရက်အတွင်း စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် မကွေးတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီ၏ ဦးဆောင်မှုဖြင့် ဆင်ဖြူကျွန်းမြို့အတွင်းရှိ ပြည်တော်သာကျေးရွာမှ အိမ်ထောင်စုပေါင်း (၁၂၆)စု၊ မြောက်ရှားတောကျေးရွာမှ အိမ်ထောင်စုပေါင်း(၁၂၅)စု နှင့် မြို့ပေါ်ရပ်ကွက်များဖြစ်သည့် အမှတ်(၁)ရပ်ကွက်မှ အိမ်ထောင်စုပေါင်း(၁၀၁)စု၊ အမှတ်(၂)ရပ်ကွက်မှ အိမ်ထောင်စုပေါင်း(၇၇)စု၊ အမှတ်(၃)ရပ်ကွက်မှ အိမ်ထောင်စုပေါင်း(၁၆၈)စုဖြင့် စုစုပေါင်းအိမ်ထောင်စု(၅၉၇)စုအတွက် အိမ်ထောင်စု(၁)စုလျှင် ငွေသားကျပ် (၂)သိန်းစီဖြင့် စုစုပေါင်းငွေကျပ် (၆၉၂)သိန်းကို ထောက်ပံ့ကူညီခဲ့ကြောင်း ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် ဆင်ဖြူကျွန်းမြို့နှင့်ကျေးရွာများအတွင်း ရေကြီးရေလျှံမှုများကြောင့် ထိခိုက်ခံစားခဲ့ရသည့် အိမ်ထောင်စုများ အား ကန်သတ်ချက်မဲ့ငွေသားထောက်ပံ့ခြင်းအစီအစဉ်ကို ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာလ(၂၂)ရက်မှ ဒီဇင်ဘာလ(၂၃)ရက်အထိ အိမ်ထောင်စုပေါင်း(၁၉၇၀) အတွက် စုစုပေါင်း ငွေကျပ် သိန်း(၃၉၄၀)ကျော်ကို ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သော မေလအတွင်းကတိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် စလင်းချောင်း၌ ရေမြင့်တက်လာမှုများဖြစ်ပေါ်ခဲ့ပြီး မကွေးတိုင်း၊ ဆင်ဖြူကျွန်းမြို့တွင် လေပြင်းတိုက်ခတ်မှုနှင့်အတူ မိုးသည်းထန်စွာရွာသွန်းခဲ့ကာ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ-တရုတ်နယ်စပ် ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ဒီဇင်ဘာလအတွက် ကုန်သွယ်မှုလျာထားချက် ပြည့်မီကျော်လွန်ခဲ့
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ