အဲဗာတန်အသင်းကို အနိုင်ရရှိမှုက ကြီးမားသောနိုင်ပွဲတစ်ခုဖြစ်ကြောင်း မန်စီးတီးနည်းပြပြော
Pika (NSS) - ဒီဇင်ဘာ ၂၈
အဲဗာတန်အသင်းနှင့်ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်ကို (၃)ဂိုး-(၁)ဂိုးဖြင့် အနိုင်ရရှိခြင်းသည် မန်စီးတီးအသင်း အတွက် ကြီးမားသောအောင်နိုင်ပွဲတစ်ခုဖြစ်ကြောင်း မန်စီးတီးနည်းပြဂွါဒီယိုလာက ထုတ်ဖော်ပြောခဲ့သည်။
မန်စီးတီးအသင်းသည် ပြီးခဲ့သည့်ရက်ပိုင်းတွင် ကလပ်ကမ္ဘာ့ဖလားချန်ပီယံဆုကို သိမ်းပိုက်ခဲ့ပြီးနောက် ပရီးမီးယား လိဂ်တွင် ယခုကဲ့သို့ နိုင်ပွဲရရှိခဲ့ခြင်းဖြစ်သည်။ အဲဗာတန်အသင်းနှင့်ကစားခဲ့သည့်ပွဲတွင် မန်စီးတီးကွင်းလယ် ကစားသမားဖိုဒန်က ပွဲချိန်(၅၃)မိနစ်တွင် အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး တိုက်စစ်မှူး ဂျူလီယန် အဲဗာရက်ဇ်က ပွဲချိန်(၆၄)မိနစ် ပင်နယ်တီဂိုး ထပ်မံသွင်းယူကာ ကွင်းလယ်ကစားသမား ဘာနာဒိုဆေးလ်ဗားက ပွဲချိန်(၈၆)မိနစ်တွင် တစ်ဂိုး ထပ်မံသွင်းယူပေးနိုင်ခဲ့ပြီးနောက် (၃)ဂိုး-(၁)ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
နည်းပြဂွါဒီယိုလာက "ဆော်ဒီအာရေးဗျက ပြန်လာပြီးနောက် ဒါက ကျွန်တော်တို့အတွက် ကြီးမားတဲ့ကစားပွဲ တစ်ပွဲပါ။ တကယ်ကိုအရေးကြီးတဲ့ ကစားပွဲတစ်ပွဲပါ။ ကျွန်တော်တို့ကစားခဲ့တဲ့ပုံစံနဲ့ပတ်သက်ပြီး တကယ်ကို စိတ်ကျေနပ်မိပါတယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့အကောင်းဆုံးခြေစွမ်းတွေနဲ့စိတ်ဓါတ်တွေကို သက်သေပြနိုင်ခဲ့ ပါတယ်။ ကျွန်တော်တို့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ထိပ်ဆုံးမှာရှိမနေတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ထိပ်ဆုံးမှာ ရပ်တည်နေချင်ပါတယ်။ နောက်ထပ်ဖြစ်ပျက်လာမယ့်အရာတွေလည်း အများကြီးရှိပါ တယ်" ဟု ပြောခဲ့သည်။
မန်စီးတီးအသင်းသည် လက်ရှိအချိန်အထိ ပရီးမီးယားလိဂ်ပြိုင်ပွဲ(၁၈)ပွဲကစားထားပြီး ရမှတ်(၃၇)မှတ်ဖြင့် အမှတ်ပေးဇယားတွင် အဆင့်(၄)နေရာမှာ ရပ်တည်နေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မွေးဖွားချိန်မှစ၍ ကာကွယ်ဆေးမထိုးနှံရသေးသော ကလေးဦးရေ အများဆုံးနိုင်ငံများထဲတွင် မြန်မာနိုင်ငံ ပါဝင်နေဟု ယူနီဆက်ဖ်အဖွဲ့ပြော
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း