၂၀၂၃ ခုနှစ် အကယ်ဒမီဆုပေးပွဲကို လာမည့်ဖေဖော်ဝါရီလ ပထမပတ်အတွင်း ကျင်းပနိုင်ရန်လျာထား
ပုံစာ -၂ဝ၂၃ ခုနှစ်၊ မေလ(၆)ရက်ကကျင်းပခဲ့သည့် အကယ်ဒမီပေးပွဲ
ယွန်း (NSS) - ဒီဇင်ဘာ ၂၇
၂၀၂၃ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို လာမည့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ပထမပတ်အတွင်းကျင်းပနိုင်ရန် လျာထားကြောင်း ရွှေကြိုရွေးချယ်ရေးအဖွဲ့ထံမှ သိရသည်။
ယခုနှစ် အကယ်ဒမီဆုပေးပွဲကို နေပြည်တော်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
“ရွှေကြိုအနေနဲ့ကတော့ (၅၆)ဦးထဲကနေ ယောင်္ကျားလေး(၁၀)ယောက်နဲ့ မိန်းကလေး(၁၀)ယောက်ရွေးသွားမှာပါ။ အကယ်ဒမီပေးပွဲကို တော့ ဖေဖော်ဝါရီ(၃)ရက်နေ့လောက် လုပ်ဖြစ်မယ်တော့ ယာယီလျာထားတာပေါ့။ နေပြည်တော်မှာပဲ ကျင်းပမှာပါ။ အရင်နေရာလို လဟာပြင်မှာမဟုတ်ဘူးတော့ဘူး မိုးလုံလေလုံပဲ။ နေရာအပြောင်းအလဲတော့ရှိတယ်” ဟု ရွှေကြိုရွေးချယ်ရေးအဖွဲ့မှ တာဝန်ရှိသူ သရုပ်ဆောင် ခန့်စည်သူက NSS ကိုပြောသည်။
၂၀၂၃ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအတွက် ပဏာမရွေးချယ်ခံရသည့် ရွှေကြိုမောင်မယ် (၁၀၀)နီးပါးရှိပြီး ရွှေကြိုရွေးချယ်ရေးအဖွဲ့က ရွှေကြိုမောင်မယ်(၉၇)ဦးကို ပဏာမရွေးချယ်ခဲ့ကြောင်း သိရသည်။
အဆိုပါ(၉၇)ဦးအနက်မှ ဒုတိယအဆင့်ရွှေကြိုရွေးချယ်ခြင်းကို ပြီးခဲ့သည့် ဒီဇင်ဘာလ(၂၄)ရက်တွင် ကျင်းပခဲ့ပြီး ရွှေကြိုမောင်မယ်(၅၆)ဦးကိုရွေးချယ်ခဲ့ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏ အချက်အလက်များအရ သိရသည်။
အဆိုပါ အမျိုးသား(၂၄)ဦးနှင့် အမျိုးသမီး(၃၂)ဦး စုစုပေါင်း(၅၆)ဦးအား နောက်ဆုံးအဆင့်ယှဥ်ပြိုင်မှုကို မနက်ဖြန်(ဒီဇင်ဘာလ ၂၈ ရက်) တွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတွင် ကျင်းပသွားမည်ဖြစ်သည်။
၎င်းတို့အနက်မှ ရွှေကြိုမောင်မယ် အမျိုးသား(၁၀)ဦးနှင့် အမျိုးသမီး(၁၀)ဦး စုစုပေါင်း(၂၀)ဦးကို ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရွှေကြိုမောင်မယ်များကို ရွှေကြိုရွေးချယ်ရေးအဖွဲ့ဝင်များဖြစ်သည့် အကယ်ဒမီ ရန်အောင်၊ အကယ် ဒမီ ရဲအောင်၊ အကယ်ဒမီ ခန့်စည်သူ၊ အကယ်ဒမီအောင်ခိုင်၊ အကယ်ဒမီ မေသန်းနု နှင့် အကယ်ဒမီ စိုးမြတ်သူဇာတို့က အကဲဖြတ်ရွေးချယ်ပေးနေခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၂ဝ၂၃ ခုနှစ်၊ မေလ(၆)ရက်ကလည်း ၂၀၁၉ ခုနှစ်၊ ၂၀၂၀ ခုနှစ်၊ ၂၀၂၂ ခုနှစ်တို့အတွက် (၃)နှစ်စာ အကယ်ဒမီဆုပေးပွဲကို နေပြည်တော်၌ ကျင်းပခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းနှင့်စက်မှုဥယျာဥ်စီမံကိန်းတို့၏ စီမံခန့်ခွဲမှုဆိုင်ရာနေရာအများစုတွင် မြန်မာနိုင်ငံသားများကို ခန့်အပ်သွားမည်
RELATED POSTS
21 Nov 2024 | အနုပညာ,နိုင်ငံတကာ
14 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ