မော်လမြိုင်သို့ ဆေးခန်းပြရန်လာသောကားတစ်စီး လက်နက်ငယ်များဖြင့်ပစ်ခတ်ခံရကာ (၁)ဦးသေဆုံးခဲ့ပြီး (၈)နှစ်အရွယ်ကလေးငယ်ဒဏ်ရာရ
Pearl (NP News) - မတ် ၁၅
မွန်ပြည်နယ်၊ ရေးမြို့နယ်၌ မော်လမြိုင်သို့ဆေးခန်းပြရန် မောင်းနှင်လာသော မော်တော်ယာဉ်အား အကြမ်းဖက်အဖွဲ့မှ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသား(၁)ဦးသေဆုံးကာ၊ (၂)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (မတ်လ ၁၅ ရက်)၊ နံနက် (၈)နာရီခွဲအချိန်ခန့်တွင် ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာ၏ အနောက်ဘက်တွင် ဖြစ်ပွားခဲ့ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက NP News ကို အတည်ပြုပြောဆိုထားသည်။
အဆိုပါကျေးရွာရှိ သာယာကုန်းရပ်ကွက်တွင်နေထိုင်သော ဦးလွင်မိုးအေး မောင်းနှင်ပြီး ၎င်း၏ ညီမဖြစ်သူ ဒေါ်ဇင်မိုးအေးနှင့် (၈)နှစ်အရွယ် မောင်အောင်ဇာနည်ဟိန်းတို့သည် ကားတစ်စီးဖြင့် မော်လမြိုင်မြို့သို့ ဆေးခန်းပြရန် ထွက်ခွာလာခဲ့ကြောင်း သိရသည်။
ထိုသို့ ထွက်ခွာလာစဉ် ကျေးရွာ၏ အနောက်ဘက်မီတာ (၂၅ဝဝ)ခန့် အကွာသို့ ရောက်ရှိချိန်တွင် အကြမ်း ဖက်အမျိုးသား (၅)ဦးခန့်မှ အဆိုပါယာဉ်ကို လက်နက်ငယ်များဖြင့် စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ပစ်ခတ်ခံရမှုကြောင့် ဦးလွင်မိုးအေးတွင် ဒဏ်ရာများရရှိကာ နေရာတွင်ပင် သေဆုံးသွားခဲ့ပြီး ဒေါ်ဇင်မိုးအေးနှင့် မောင်အောင်ဇာနည်ဟိန်းတို့တွင် ကျည်ဖောက်ဝင်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်မှုဖြစ်ပွားပြီးနောက်ပိုင်းတွင် လုံခြုံရေးအဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက်အဖွဲ့များအား လိုက်လံရှင်းလင်းလျက်ရှိကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူက အသိပေးပြောဆိုထားသည်။
zawgyi version
ေမာ္လၿမိဳင္သို႔ ေဆးခန္းျပရန္လာေသာကားတစ္စီး လက္နက္ငယ္မ်ားျဖင့္ပစ္ခတ္ခံရကာ (၁)ဦးေသဆုံးခဲ့ၿပီး (၈)ႏွစ္အ႐ြယ္ကေလးငယ္ဒဏ္ရာရ
Pearl (NP News) - မတ္ ၁၅
မြန္ျပည္နယ္၊ ေရးၿမိဳ႕နယ္၌ ေမာ္လၿမိဳင္သို႔ေဆးခန္းျပရန္ ေမာင္းႏွင္လာေသာ ေမာ္ေတာ္ယာဥ္အား အၾကမ္းဖက္အဖြဲ႕မွ လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္မႈေၾကာင့္ အမ်ိဳးသား(၁)ဦးေသဆုံးကာ၊ (၂)ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ယေန႔ (မတ္လ ၁၅ ရက္)၊ နံနက္ (၈)နာရီခြဲအခ်ိန္ခန႔္တြင္ ေရးၿမိဳ႕နယ္၊ ေက်ာင္း႐ြာေက်း႐ြာ၏ အေနာက္ဘက္တြင္ ျဖစ္ပြားခဲ့ေၾကာင္း မြန္ျပည္နယ္အစိုးရအဖြဲ႕၏ တာဝန္ရွိသူတစ္ဦးက NP News ကို အတည္ျပဳေျပာဆိုထားသည္။
အဆိုပါေက်း႐ြာရွိ သာယာကုန္းရပ္ကြက္တြင္ေနထိုင္ေသာ ဦးလြင္မိုးေအး ေမာင္းႏွင္ၿပီး ၎၏ ညီမျဖစ္သူ ေဒၚဇင္မိုးေအးႏွင့္ (၈)ႏွစ္အ႐ြယ္ ေမာင္ေအာင္ဇာနည္ဟိန္းတို႔သည္ ကားတစ္စီးျဖင့္ ေမာ္လၿမိဳင္ၿမိဳ႕သို႔ ေဆးခန္းျပရန္ ထြက္ခြာလာခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ထြက္ခြာလာစဥ္ ေက်း႐ြာ၏ အေနာက္ဘက္မီတာ (၂၅ဝဝ)ခန႔္ အကြာသို႔ ေရာက္ရွိခ်ိန္တြင္ အၾကမ္း ဖက္အမ်ိဳးသား (၅)ဦးခန႔္မွ အဆိုပါယာဥ္ကို လက္နက္ငယ္မ်ားျဖင့္ ေစာင့္ႀကိဳပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။
ပစ္ခတ္ခံရမႈေၾကာင့္ ဦးလြင္မိုးေအးတြင္ ဒဏ္ရာမ်ားရရွိကာ ေနရာတြင္ပင္ ေသဆုံးသြားခဲ့ၿပီး ေဒၚဇင္မိုးေအးႏွင့္ ေမာင္ေအာင္ဇာနည္ဟိန္းတို႔တြင္ က်ည္ေဖာက္ဝင္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ပစ္ခတ္မႈျဖစ္ပြားၿပီးေနာက္ပိုင္းတြင္ လုံၿခဳံေရးအဖြဲ႕ဝင္မ်ားအေနျဖင့္ အၾကမ္းဖက္အဖြဲ႕မ်ားအား လိုက္လံရွင္းလင္းလ်က္ရွိေၾကာင္း မြန္ျပည္နယ္အစိုးရအဖြဲ႕မွ တာဝန္ရွိသူက အသိေပးေျပာဆိုထားသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပခုက္ကူမြို့ပေါ်ရှိ ရွှေဆိုင်တစ်ဆိုင်အား လူ(၄)ဦးမှ သေနတ်၊ ဓါးများဖြင့် ခြိမ်းခြောက်ကာ ဓါးပြဝင်တိုက်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း