ပခုက္ကူမြို့ပေါ်ရှိ ရွှေဆိုင်တစ်ဆိုင်အား လူ(၄)ဦးမှ သေနတ်၊ ဓါးများဖြင့် ခြိမ်းခြောက်ကာ ဓါးပြဝင်တိုက်
NP News - မတ် ၁၅
မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ်ရှိ နန်းမြတ်တော်ဝန်ရွှေဆိုင်အား လူ(၄)ဦးမှ သေနတ်၊ ဓါးများဖြင့် ခြိမ်း ခြောက်ကာ ဓါးပြဝင်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့(မတ်လ ၁၄ ရက်) ၊ ညနေ ၃ နာရီခွဲအချိန်ခန့်တွင် ပခုက္ကူမြို့၊ မြိုင်(၄)လမ်းရှိ နန်းမြတ်တော်ဝန်ရွှေဆိုင်တွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အခင်းဖြစ်ပွားရာနေရာရှိ သတင်းအရင်းအမြစ်တစ်ဦးက NP News ကို ပြောသည်။
ဆိုင်ကယ်(၄)စီးဖြင့် အမျိုးသား(၄)ဦးရောက်ရှိလာကာ ဆိုင်အတွင်းဝင်ရောက်ပြီး သေနတ်၊ ဓါးများဖြင့် ခြိမ်းခြောက်ကာ ဓါးပြဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
ဓါးပြတိုက်မှုဖြစ်စဉ်အတွင်း လက်စွပ်(၃)ကွင်းနှင့် လက်ကောက် (၁)ကွင်းအား ယူဆောင်သွားခဲ့ကြောင်း သိရသည်။
zawgyi version
NP News - မတ် ၁၅
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကြာအင်းဆိပ်ကြီးမြို့နယ်၌ သေဆုံးနေသောမိန်းကလေးတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ပြီးနောက် ၎င်း၏ ရည်းစားဖြစ်သူက ရဲစခန်း၌ သွားရောက်အဖမ်းခံခဲ့
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း