အကယ်ဒမီ မေသဉ္ဇာဦး၏ သားအကြီး ယာဥ်တိုက်မှုဖြင့် ကွယ်လွန်
NSS - ဒီဇင်ဘာ ၂၆
ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီမေသဉ္ဇာဦး၏ သားအကြီးဖြစ်သူ မင်းသန်းကျော် (အသက် ၂၇ နှစ်) သည် ဒီဇင်ဘာလ ၂၅ ရက် ညပိုင်းက ယာဥ်တိုက်မှုဖြစ်ပွားခဲ့ရာ ဆေးရုံသို့ပို့ဆောင်စဥ် ကွယ်လွန်သွားခဲ့ကြောင်း အနုပညာ အသိုင်းအဝိုင်းမှ သိရသည်။
ကွယ်လွန်သူ မင်းသန်းကျော် မောင်းနှင်လာသည့် MDY 15 9R/3105 KIA Carnvial ယာဥ်သည် ဒီဇင်ဘာလ ၂၅ ရက် ခရစ္စမတ်နေ့၊ ည ၁ဝ နာရီ ၃ဝ မိနစ်အချိန်၌ ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ဗညားဒလလမ်းပေါ်ရှိ ရှင်ပါကူဆေးခန်း ဘက်မှ ကျောက်မြောင်းမီးပွိုင့်ဖက်သို့မောင်းနှင်လာစဥ် ကျောက်မြောင်းမီးသတ်စခန်းအရှေ့အရောက်တွင် အရှိန် မထိန်းနိုင်ဘဲ လမ်းလယ်ဓါတ်တိုင်ကို ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယာဥ်တိုက်မှုကြောင့် မင်းသန်းကျော်တွင် ဦးခေါင်းနောက်စေ့ စုတ်ပြဲဒဏ်ရာများရခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ကုသစဉ် သေဆုံး သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သရုပ်ဆောင် မေသဉ္ဇာဦး၏ သားအကြီး မင်းသန်းကျော် ယာဥ်တိုက်မှုကြောင့်ကွယ်လွန်သွားကြောင်း သတင်းနှင့် အတူ အကယ်ဒမီ ခိုင်သင်းကြည်၏ ဖခင်သည်လည်း ၉၆ ပါးသော ရောဂါဖြင့် ကွယ်လွန်သွားကြောင်း အနုပညာ အသိုင်းအဝိုင်းထံမှ ကြားသိရသည်။
ဒါရိုက်တာစင်ရော်မောင်မောင်နှင့် ဒါရိုက်တာ ဟိန်းစိုး အပါအဝင် အခြားသော အနုပညာရှင်များသည်လည်း သရုပ်ဆောင်မေသဉ္ဇာဦး၏ သားဖြစ်သူ မင်းသန်းကျော် ကွယ်လွန်သွားရခြင်း နှင့် အကယ်ဒမီ ခိုင်သင်းကြည်၏ဖခင် ကွယ်လွန်ခြင်းအပေါ် ဝမ်းနည်းကြေကွဲရကြောင်း ၄င်းတို့၏ ဖေ့ဘွတ်လူမှုကွန်ရက်အကောင့်တွင် ရေးသားဖော်ပြခဲ့ကြသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
PDF အဖွဲ့က Drop ဗုံးများပစ်ချတိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် (၄)ဦး ထိခိုက်ဒဏ်ရာရရှိမှု ကျောက်တံခါးမြို့နယ်၌ဖြစ်ပွား
RELATED POSTS
21 Nov 2024 | အနုပညာ,နိုင်ငံတကာ
14 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ